မိန်းကလေးငယ် ပျောက်ဆုံးသွားပြီးနောက် ရက်အနည်းငယ်အကြာမှာ သူမရဲ့အလောင်းကို အမှိုက်ပုံမှာတွေ့ခဲ့ရပါတယ်။

ပါကစ္စတန်နိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်း ဆိုရှယ်မီဒီယာသုံးသူများကြား ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အသက်ခြောက်နှစ်အရွယ် ဇိုင်နက်ဘ်အန်ဆာရီ အမည်ရှိ မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ကြိုးပေးကွပ်မျက်လိုက်ပြီလို့ သိရပါတယ်။

ဇိုင်နက်ဘ်အတွက် ဆန္ဒပြမှုနဲ့ ဆုတောင်းမှု (Photo:CNN)





ယခုနှစ် ဇန်နဝါရီလတွင်း Kasur မြို့မှာနေထိုင်တဲ့ ဇိုင်နက်ဘ်အန်ဆာရီ အမည်ရှိ မိန်းကလေးငယ်ဟာ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ သူမရဲ့အလောင်းကို အမှိုက်ပုံတစ်ခုမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။

စစ်ဆေးမှုတွေအရ အဆိုပါ ဇိုင်နက်ဘ်ကို အသက် ၂၄ နှစ်အရွယ် အိုင်မ်ရင်အလီ အမည်ရှိ အမျိုးသားက ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပြီး မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တယ်လို့ ပေါ်ပေါက်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အလီကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း သေဒဏ်လေးကြိမ် ချမှတ်ခဲ့ပါတယ်

ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် အိုင်မ်ရင်အလီ၏ပုံ (Photo: Pakistan Police)



အလီကို လာဟိုးမြို့ရှိ Lakhpat အကျဉ်းထောင်မှာ ယနေ့ (အောက်တိုဘာ ၁၇ ရက်) မနက်အစောပိုင်းက ကြိုးပေးကွပ်မျက်လိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ၎င်းကို ကြိုးပေးကွပ်မျက်ရာမှာ မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ ဇိုင်နက်ဘ်ရဲ့ဖခင်နဲ့ အခြားဆွေမျိုးသားချင်းများ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

အလီကို ကြိုပေးကွပ်မျက်ခဲ့ပြီးနောက် ဇိုင်နက်ဘ်ရဲ့ဖခင် အေမင်အန်ဆာရီက ယခုလိုစီရင်မှုအပေါ် ကျေနပ်ကြောင်း ပြောခဲ့ပါတယ်။ "ကြောက်ရွံ့မှုအပြည့်နဲ့ သူ့ရဲ့ဇာတ်သိမ်းကို ကျွန်တော့်မျက်စိနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်" လို့ ဇိုင်နက်ဘ်ရဲ့ဖခင်က ပြောခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ဇိုင်နက်ဘ်ဓာတ်ပုံကို ပြသနေသည့် ဖခင်ဖြစ်သူ အေမင်အန်ဆာရီ (Photo: Reuters)



မုဒိမ်းကျင့်အသတ်ခံရတဲ့ ဇိုင်နက်ဘ်ဟာ သက်ရှိထင်ရှားရှိပါက ယခုအချိန်မှာ အသက် ၇ နှစ်နဲ့ ၂ လ ဖြစ်နေမယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ အလီကို ကြိုးပေးကွပ်မျက်မှုအား ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခြင်းမပြုတာကိုတော့ ဝမ်းနည်မိကြောင်းလည်း ဇိုင်နက်ဘ်ရဲ့ဖခင်ကဆိုပါတယ်။

ဇိုင်နက်ဘ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုဖြင့် သေဒဏ်ချမှတ်ခံရပြီးနောက် အလီက နောက်ထပ် မိန်းကလေး ခြောက်ဦးကိုလည်း အလားတူ ပြစ်မှုများကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်းလည်း သိရပါတယ်။ ဇိုင်နက်ဘ်ရဲ့အမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ဒေါသတကြီး တုံ့ပြန်မှုတွေနဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က