လေတပ်စခန်းကနေ ထွက်ခွာလာခဲ့ပြီးနောက် ၁၀ မိနစ်မျှအကြာမှာ ပြန်လည် ဆင်းသက်ခဲ့ရပါတယ်။

အမေရိကန်သမ္မတကတော် မီလာနီယာထရန့် လိုက်ပါစီးနင်းတဲ့လေယာဉ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပြီး လေယာဉ်အတွင်း မီးခိုးများပြည့်လာပြီး ညှော်နံ့ရလာတာကြောင့် လေဆိပ်မှာ ပြန်လည် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ပေါ်ကနေ ပြန်ဆင်းလာသည့် မီလာနီယာ (Photo: Megan Walsh/Fox News)



မီလာနီယာရဲ့လေယာဉ်ဟာ ယနေ့ (အောက်တိုဘာ ၁၇ ရက်) ဒေသစံတော်ချိန် မနက်ပိုင်းမှာ မယ်ရီလန်းပြည်နယ်ရှိ Joint Andrews လေတပ်စခန်းကနေ ထွက်ခွာပျံသန်းလာခဲ့ပြီးနောက် ၁၀ မိနစ်မျှအကြာမှာ ပြန်လည် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတကတော် လိုက်ပါစီးနင်းလာတဲ့ Boeing C-32A လေယာဉ်ဟာ အဆိုပါဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် လေဆိပ်ကို ဘေးကင်းစွာဖြင့် ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။

အမေရိကန်သမ္မတကတော် မီလာနီယာထရန့် (Photo: AP)



လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သတင်းထောက်တွေရဲ့ အဆိုအရ ညှော်နံ့ပိုပြင်းလာခဲ့ပြီး လေယာဉ်အတွင်း မီးခိုးများအပြည့် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတကတော် မီလာနီယာဟာ လေတပ်စခန်းကနေ ဖီလာဒဲလ်ဖီးယားကို သွားရောက်နေခဲ့စဉ် ထိုသို့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

မီလာနီယာက ဖီလာဒဲလ်ဖီးယားရှိ Thomas Jefferson တက္ကသိုလ်ဆေးရုံမှာ တက်ရောက်ကုသနေရတဲ့ လူနာကလေးငယ်တွေနဲ့ မိသားစုတွေကို သွားရောက်တွေ့ဆုံရန် စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတကတော်ရဲ့ လေယာဉ်ဖြစ်ရပ်နဲ့ပတ်သက်ပြီး အိမ်ဖြူတော်က တရားဝင် ရှင်းလင်းပြောကြားမှု မရှိသေးပါဘူး။

လေဆိပ်မှာ ပြန်လည်ဆင်းခဲ့သည့် မီလာနီယာရဲ့ လေယာဉ် (Photo: Mark Knoller/Twitter)



သမ္မတဒေါ်နယ်ထရန့်ရဲ့ ဆက်သွယ်ပြန်ကြားရေး ညွန်ကြားရေးမှူး စတက်ဖနီ ဂရီရှမ်ကတော့ လေယာဉ်ဖြစ်ရပ်ဟာ အသေးစား စက်ချို့ယွင်းမှုဖြစ်ပြီး အားလုံးအဆင်ပြေကြောင်းနဲ့ လေယာဉ်မှာလိုက်ပါသူအားလုံးလည်း ဘေးကင်းကြောင်း CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က