လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၆၀ အထိ အားကောင်းပြင်းထန်နေပါတယ်။

မက္ကစီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းဒေသတွေကို အလွန်အားကောင်းပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ပြင်းအားအဆင် ၅ (category 5) ဟာရီကိန်းမုန်တိုင်းဝီလာ (Hurricane Willa) ဝင်ရောက်တိုက်ခတ်မယ့် သတိပေးချက် ထုတ်ပြန်ပါတယ်။

Map: The Weather Channel



ဟာရီကိန်းဝီလာဟာ မက္ကစီကို အနောက်တောင်ဘက် ကမ်းရိုးတန်းကို ယနေ့ (အောက်တိုဘာ ၂၃ ရက်မှာ ဝင်ရောက်နိုင်ပြီး ကြီးမားတဲ့ အပျက်အစီးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန်မှန်းထားကြောင်း National Hurricane Centre (NHC) က သတိပေးထားပါတယ်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးမှုတွေ ကြုံရနိုင်ပါတယ်။ လက်ရှိ တိုက်ခတ်နေတဲ့ ဟာရီကိန်းဝီလာကြောင့် မက္ကစီကို အနောက်တောင်ပိုင်းတစ်လျှောက် နေရာဒေသတွေမှာ မိုးရေချိန် ၁၈ လက်မအထိ ရွာသွန်းနိုင်ကြောင်းလည်း NHC က အောက်တိုဘာ ၂၂ ရက်မှာ ပြောခဲ့ပါတယ်။

Photo: CNN

ဟာရီကိန်းဝီလာရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၆၀ အထိ အားကောင်းပြင်းထန်တယ်လို့ သိရပါတယ်။ မုန်တိုင်းမိုးရွာသွန်းမှုကြောင့် အန္တရာယ်ရှိတဲ့ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း NHC က သတိပေးခဲ့ပါတယ်။ မက္ကစီကိုကမ်းရိုးတန်းဒေသတွေမှာ ယနေ့ ညနေပိုင်းအချိန်အတွင်း ပင်လယ်ရေလှိုင်းမြင့်တက်မှု အန္တရာယ်ရှိနိုင်ကြောင်းလည်း NHC က ပြောထားပါတယ်။ ဟာရီကိန်းမုန်တိုင်း သတိပေးချက်ကို ပစိဖိတ်ကမ်းရိုးတန်းရှိ San Blas ကျွန်းစုနဲ့ Mazatlan အပန်းဖြေကမ်းခြေတို့မှာလည်း ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၂ ရက် Mazatlan ကမ်းခြေမြင်ကွင်း (Photo: AFP/Getty Images)

အောက်တိုဘာ ၁၀ ရက်နေ့ကလည်း အမေရိကန်နိုင်ငံရဲ့ မက္ကစီကိုပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသမှာ ဟာရီကိန်းမိုက်ကယ် (Hurricane Michael) ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။ ဟာရီကိန်းမိုက်ကယ်ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၅၅ မိုင်အထိ ရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က