ဒုတိယအကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၂ ရက်မှာ သဘောတူမှုရခဲ့ကြပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နိုင်ငံတို့က ၎င်းတို့နှစ်နိုင်ငံ နယ်စပ်မျဉ်းကိုခွလျက် တည်ရှိနေတဲ့ ပန်မွန်ဂျန်ကျေးရွာမှာ ဖြန့်ကျက်ချထားတဲ့ စစ်လက်နက်တွေနဲ့ လုံခြုံရေးကင်းစခန်းတွေကို ဖယ်ရှားသွားရန် သဘောတူညီမှုရခဲ့ကြောင်း သိရပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံတပ်ဖွဲ့နဲ့ UNC တို့ ဆွေးနွေးကြစဉ် (Photo: AP)



တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနဲ့ ကုလသမဂ္ဂတပ်ဖွဲ့တို့ကြား ဒုတိယအကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပန်မွန်ဂျန်ကနေ လက်နက်နဲ့ကင်းစခန်းများ ဖယ်ရှားရန်အတွက် အောက်တိုဘာ ၂၂ ရက်မှာ သဘောတူညီခဲ့ကြပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်ဖွဲ့ (United Nations Command - UNC) က ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ ကြီးကြပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ ပန်မွန်ဂျန်ကျေးရွာ ဲမြင်ကွင်းတစ်ခု (Photo: Reuters)



၁၉၅၃ ခုနှစ်မှာ စစ်ပွဲရပ်ဆိုင်းခဲ့ပေမဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးဘဲ နယ်စပ်မျဉ်းတစ်လျှောက် ပန်မွန်ဂျန်မှာ နှစ်ဘက်တပ်ဖွဲ့များ မျက်နှာချင်းဆိုင် စောင့်ကြပ်နေပြီး လုံခြုံရေး အထူးတင်းကျပ်ထားခဲ့ကြပါတယ်။

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး (Photo: Reuters)



ယမန်နေ့က သဘောတူညီမှုရခဲ့တဲ့ လက်နက်နဲ့ကင်းစခန်းများ ဖယ်ရှားရေးဟာ ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေကို ပိုမိုလျှော့ချရန် ရည်ရွယ်ကြောင်းလည်း သိရပါတယ်။ ယခုအစောပိုင်းမှာလည်း ကိုရီးယားနှစ်နိုင်ငံမှ တပ်ဖွဲ့တွေက နယ်စပ်တစ်လျှောက် ချထားခဲ့ကြတဲ့ မြေမြှုပ်မိုင်း ၈၀၀,၀၀၀ ခန့်ကို ဖယ်ရှားရှင်းလင်းမှုတွေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားမှု (Map: Map4News/HERE/USA Today)



ကိုးရီးယားနှစ်နိုင်ငံနဲ့ UNC တို့က ပူးတွဲလုံခြုံရေးနယ်မြေ (Joint Security Area - JSA) အဖြစ် သတ်မှတ်ထားတဲ့ ပန်မွန်ဂျန်ကျေးရွာကနေ လက်နက်တွေနဲ့ စက်ဘက်ကင်းစခန်းတွေကို အောက်တိုဘာ ၂၅ ရက်မှ နောက်နှစ်ရက်အတွင်း ဖယ်ရှားသွားရန် သဘောတူညီခဲ့ကြပြီး ထိုသို့ လုပ်ဆောင်မှုကိုလည်း အဖွဲ့သုံးဖွဲ့က ပူးတွဲစစ်ဆေးအတည်ပြုသွားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးရှိ ကင်းစခန်းတစ်ခု (Photo: AP)



ယခု သဘောတူညီမှုများအနက် နှစ်နိုင်ငံနယ်စပ်တစ်ဝိုက် ရန်လိုတဲ့အပြုအမူအားလုံးကို ရပ်ဆိုင်းရန်နဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန်လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ယခုနှစ်အစောပိုင်းမှစပြီ ဆက်ဆံရေးတိုးတက်လာခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကိုလည်း ဧပြီလအတွင်း နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားဘက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Photo: Reuters)



ထို့နောက်ပိုင်းမှာလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက နယ်စပ်ဖြတ်ကျော်ကာ မြောက်ကိုရီးယားဘက်ကိုသွားရောက်ပြီး ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်းမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ မြောက်ကိုရီးယားကို သုံးရက်ကြာ သမိုင်းဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က