အမြန်နှုန်းထိန်းချုပ်စနစ်ကို အစောပိုင်းမှာ ပိတ်ထားခဲ့ပြီးနောက် ပြန်မဖွင့်ခဲ့မိတာ ဖြစ်ပါတယ်။

လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့တဲ့ ထိုင်ဝမ် ရထားလမ်းချော်မှုဖြစ်ရပ်မှာ ရထားမောင်းနှင်သူက အမြန်နှုန်းထိန်းချုပ်တဲ့စနစ်ကို မတော်တဆမှု မဖြစ်ပွားမီ ပိတ်ထားခဲ့မိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။



video-footage-of-the-aftermath-of-the-crash-broadcast-on-local-taiwan-television-showed-passengers-smashing-a-window-from-inside-and-kicking-it-through-to-escape-1540187534997-5.jpg

Photo: AFP



မတော်တဆမှု ဖြစ်ပွားခဲ့တဲ့နေ့ အစောပိုင်းက ရထားအမြန်နှုန်းထိန်းချုပ်စနစ်ဟာ အမှားအယွင်းတစ်ခုကြောင့် ရထားအရှိန်ကို နှေးကွေးစေခဲ့ရာ ထိုစနစ်ကို ပိတ်ထားခဲ့ကြောင်း ရထားမောင်းသူက တရားရုံးမှာ ယနေ့ (အောက်တိုဘာ ၂၃ ရက်) ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

ရထားမောင်းသူဟာ အမြန်နှုန်းထိန်းချုပ်စနစ်ကို အစောပိုင်းမှာ ပိတ်ထားခဲ့ပြီးနောက် ပြန်မဖွင့်ခဲ့ဘဲ ပေါ့ဆခဲ့ကြောင်း အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။ တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၁ ရက်) က ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ ထိုင်ဝမ်မှာ ၂၇ နှစ်အတွင်း အဆိုးရွားဆုံး ရထားလမ်း မတော်တဆမှုလည်း ဖြစ်လာခဲ့ပါတယ်။

Photo: Reuters



လမ်းချော်တိမ်းမှောက်ခဲ့တဲ့ ရထားပေါ်မှာ စုစုပေါင်း ခရီးသည် ၃၆ ဦး လိုက်ပါလာခဲ့ပြီး ရထားရဲ့ တွဲ ၈ ခုလုံး လမ်းချော်သွားခဲ့ပါတယ်။ ရထားလမ်းချော်မှုအတွင်း သေဆုံးခဲ့သူတွေအနက် ကလေးငယ် သုံးဦးထက်မနည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ရထားဟာ အမြန်နှုန်း တစ်နာရီလျှင် ၈၇ မိုင်နှုန်းဖြင့် ခုတ်မောင်းနေစဉ် သံလမ်းအကွေ့နေရာမှာ လမ်းချော်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ လမ်းချော်မှုဖြစ်ပွားခဲ့စဉ်က ရထားရဲ့အမြန်နှုန်းဟာ သံလမ်းအကွေ့ နေရာတွေမှာ ခုတ်မောင်းရန်သတ်မှတ်ထားတဲ့ အမြန်းနှုန်းထက် နှစ်ဆနီးပါး ပိုများနေခဲ့ကြောင်းလည်း သိရပါတယ်။

Photo: AJ Plus



အစိုးရရှေ့နေတွေက ဒဏ်ရာရခဲ့တဲ့ ရထားမောင်းသူကို တရားရုံးမှာ ယနေ့ မေးမြန်းခဲ့ပြီးနောက် ဆေးရုံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ Puyuma Express 6432 ရထားဟာ Tiatung မှ ထွက်ခွာလာပြီးနောက် ကမ်းရိုးတန်းအနီး Yilan ဒေသရှိ Xinma ဘူတာရုံအနီး လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်မှာ ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုအချို့

ယခုနှစ် မတ်လအတွင်းကလည်း တိုင်ပေမြို့သစ်မှ တိုင်ပေမြို့ကို ခုတ်မောင်းလာတဲ့ ရထားတစ်စင်းရဲ့ တွဲတစ်တွဲ လမ်းချော်မှုဖြစ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွင်း ဒဏ်ရာရသူမရှိခဲ့ပါဘူး။

ယမန်နှစ် အောက်တိုဘာလအတွင်းမှာလည်း Taitung ကနေ Shulin ကို ပြေးဆွဲတဲ့ရထားတစ်စင်း Hualien ဒေသမှာ လမ်းချော်မှုဖြစ်ပွားခဲရာ ခရီးသည် ၃၀၀ ဟာ ရထားလမ်းပေါ်မှာ သောင်တင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာတော့ Hualien ဒေသမှာပင် ရထားတစ်စင်း လမ်းချော်မှုဖြစ်ခဲ့ပြီး လူအချို့ဒဏ်ရာရခဲ့ပါတယ်။ လမ်းချော်မှုဖြစ်ခဲ့တဲ့ ရထားပေါ်မှာ ခရီးသည် ၂၀၀ ဝန်းကျင် လိုက်ပါလာခဲ့ပြီး ဒဏ်ရာရခဲ့သူတွေအနက် နှစ်ဦးကို ဆေးရုံတင်ခဲ့ရကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က