မိုးသက်မုန်တိုင်းကျရောက်မှုအတွင်း လူငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အီတလီနိုင်ငံမှာ မိုးသက်မုန်တိုင်းကျရောက်မှုအတွင်း လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က အီတလီနေရာအနှံ့အပြားမှာ လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ရာ တူးမြာင်းဖြတ်သန်းစီးဆင်းတဲ့ နာမည်ကျော် ဗင်းနစ်မြို့မှာ သမိုင်းဝင်တဲ့အထိ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

Photo: AFP





ရောမမြို့နဲ့ မလှမ်းမကမ်းနေရာမှာ သစ်ပင်များ ကားပေါ်ကိုလဲပြိုကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ရောမမြို့တောင်ဘက်မှာလည်း လူတစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ နက်ပ်လက်စ်ဒေသမှာ သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အီတလီ အနောက်မြောက်ပိုင်း ဆာဗိုနာမြို့မျာလည်း မျက်နှာကျက်မှ ကော်နစ်အပိုင်းအစတစ်ခု ပြုတ်ကျထိမှန်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဗင်းနစ်မြို့မှာ မိုးသည်းထန်ပြီ ရေကြီးမှုကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို စိန့်မာ့ခ်ရင်ပြင်သို့ သွားရောက်ခွင့်ပိတ်ပင်ထားပါတယ်။

Photo: AFP



ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါ ရင်ပြင်နေရာမှာ အမြင့် ၅ ပေအထိ ရေများမြင့်တက်ရောက်ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဗင်းနစ်မြို့မှာ ယခင် မှတ်တမ်းတွေအရ ရေများမြင့်တက်မှုဟာ ၄.၉ ပေအထိသာ အမြင့်ဆုံးဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အီတလီမြောက်ပိုင်း နေရာဒေသအားလုံးနီးပါးမှာ မုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားပြီး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၆၂ မိုင်အထိ ပြင်းထန်နိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသအချို့မှာ မိုးသည်းထန်နိုင်ပြီး မိုးရေချိန်ဟာ လပိုင်းအတွင်း ရွာသွန်းမှုနဲ့ တူညီနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

Photo: AFP



ယခု အခြေအနေဟာ ၂၀၁၀ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ရေကြီးမှုထက် ပိုမိုဆိုးရွားကြောင်း ဗီနီတို ဒေသဆိုင်ရာခေါင်းဆောင် လူကာဇာအီက ပြောပါတယ်။ ရာသီဥတုဆိုးရွားမှုကြောင့် ဂျီနိုအာ၊ ရောမနဲ့ ဗီနီတိုရှီ စာသင်ကျောင်းများ ပိတ်ထားကြောင်းလည်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က