ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျာမနီမှာ အဆိုးဆုံး ဆက်တိုက် လူသတ်သမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှ အမျိုးသားသူနာပြုဟောင်းတစ်ဦးက လူနာအရေအတွက် ၁၀၀ ကိုသတ်ခဲ့ကြောင်း ၎င်းကို ကြားနာစစ်ဆေးတဲ့ တရားခွင်ပထမဆုံးနေ့မှာ ဝန်ခံထွက်ဆိုလိုက်ပါတယ်။

181030115618-german-nurse-exlarge-169.jpg

အောက်တိုဘာ ၃၀ ရက်နေ့က တရားခွင်မှာတွေ့ရသည့် နီးလ် (Photo: CNN)



နီးလ်ဟိုးအမည်ရှိ သူနာပြုဟာ ကမ္ဘာမှာ အချိန်ကာလတစ်ခုအတွင်း လူအရေအတွက် အများဆုံးကိုသတ်ခဲ့တဲ့ ဆက်တိုက်လူသတ်သမာတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ ဒ့ါအပြင် ၎င်းဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျာမနီမှာ အဆိုးဆုံး ဆက်တိုက် လူသတ်သမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ဖော်ထုတ်မှုအရ အသက် ၄၁ နှစ်အရွယ် နီးလ်ဟိုး (Niels Hoegl) ဟာ ဂျာမနီမြောက်ပိုင်းရှိ ဆေးရုံနှစ်ရုံမှာ အလုပ်လုပ်ကိုင်စဉ် ၎င်းပြုစုစောင့်ရှောက်ရတဲ့ လူနာတွေကို သေစေနိုင်တဲ့ ဆေးပမာဏပေးခဲ့တယ်လို့ သိရပါတယ်။

လူနာအရေအတွက် ရာနဲ့ချီသတ်ခဲ့သည့် သူနာပြုဟောင်းနီးလ် (Photo: DW News)



ထို့နောက် အဆိုပါဆေးကြောင့် ရုတ်တရက် နှလုံးခုန်ရပ်သွားတဲ့ လူနာတွေကို နီးလ်က သတိပြန်လည်လာအောင် ပြုစုကုသပေးခြင်းဖြင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်ကြီးခံလိုခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် နီးလ် စီစဉ်လုပ်ဆောင်ခဲ့တဲ့ လူနာတွေဟာ သေဆုံးခဲ့ကြပါတယ်။

သူနာပြုဟောင်းနီးလ်ဟာ ၎င်းပြုစုစောင့်ရှောက်ရတဲ့ လူနာခြောက်ဦးသေဆုံးမှုအတွက် ယခင်ကတည်းက ထောင်ဒဏ်တစ်သက် ကျခံနေရသူလည်း ဖြစ်ပါတယ်။

Delmenhorst ဆေးရုံ (Photo: ABC News)



ယခုအခါ နီးလ်က ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်း ဂျာမနီမြောက်ပိုင်းရှိ Oldenburg ဆေးရုံမှာ လူနာ ၃၆ ဦးနဲ့ အနီးအနားရှိ Delmenhorst ဆေးရုံမှာ လူနာ ၆၄ ဦးကို သတ်ခဲ့ကြောင်း ကြားနာစစ်ဆေးမှု ပထမဆုံးနေ့မှာ ဝန်ခံထွက်ဆိုလိုက်ပါတယ်။

၂၀၁၅ ခုနှစ် တရားရုံး ကြားနာစစ်ဆေးမှုတွေအရ ၎င်းကို လူသတ်မှု ၂ ခုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။ ၎င်းကို ၂၀၀၅ ခုနှစ်မှာ Delmenhorst ဆေးရုံမှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့စဉ် လူနာတစ်ဦးအား ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးထိုးခဲ့မှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။

Map: CNN



ထို့နောက် ၂၀၀၈ ခုနှစ်မှာ နီးလ်ကို လူသတ်ရန်ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ပါတယ်။ နီးလ်ရဲ့အမှုနဲ့ ဆက်စပ်ပြီး သေဆုံးလူနာ ၁၃၀ ကို အလောင်းပြန်ဖော် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ထို့အတူ ဆေးရုံ ၂ ရုံမှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့စဉ်က မှတ်တမ်းတွေကိုလည်း ပြန်လည် စစ်ဆေးခဲ့ကြပါတယ်။

Source: BBC, CNN

Share

Loading Next Article...
က္က