လေယာဉ်အမှုထမ်းတွေကို လိုက်ပါပို့ဆောင်ပေးရတဲ့ ကားမောင်သူက အရက်နံ့ရခဲ့ပြီး သတိပြုမိသွားခဲ့ပါတယ်။

ဂျပန်လေယာဉ်မှူးတစ်ဦးဟာ အရက်ကို ခွင့်ပြုပမာဏထက် ကိုးဆကျော်သောက်ပြီး မူးနေခဲ့တာကြောင့် လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

_104137952_gettyimages-1013187356.jpg

Photo: Getty Images



ဂျပန်လေကြောင်းလိုင်း (Japan Airlines - JAL) မှာ လေယာဉ်မှူးအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၄၂ နှစ်အရွယ် ကတ်ဆူတိုရှိ ဂျစ်ဆူကာဝါကို အောက်တိုဘာ ၂၈ ရက်နေ့က အရက်သောက်ထားမှု စမ်းသပ်တိုင်းတာကိရိယာဖြင့် စစ်ဆေးခဲ့ပြီးနောက် ဖမ်ဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။



၎င်းကို စစ်ဆေးမှုအရ သွေးအတွင်း အရက်ပါဝင်မှုနှုန်းဟာ သွေးပမာဏ 100ml မှာ 189mg ဖြစ်နေခဲ့ပါတယ်။ လောယာဉ်မှူးတစ်ဦးအတွက် ခွင့်ပြုပမာဏဟာ သွေးပမာဏ 100ml မှာ 20mg သာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လေယာဉ်မှူးက အရက်ကို ကန့်သတ်ပမာဏထက် ပိုမိုသောက်ခဲ့ကြောင်း Uxbridge Magistrates' တရားရုံးမှာ နိုဝင်ဘာ ၁ ရက်နေ့က ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ လေယာဉ်အမှုထမ်းတွေကို လိုက်ပါပို့ဆောင်ပေးရတဲ့ ကားမောင်သူက အဆိုပါလေယာဉ်မှူးထံမှ အရက်နံ့ရခဲ့ပြီး သတိပြုမိသွားခဲ့ပါတယ်။

Photo: Getty Images



အရက်သောက်ထားပြီး မူးနေခဲ့တဲ့ လေယာဉ်မှူးဟာ ဂျပန်လေကြောင်းလိုင်းရဲ့ JL44 လေကြောင်းခရီးစဉ်အဖြစ် ဟီးသရိုးလေဆိပ်ကနေ တိုကျိုမြို့ကို ပျံသန်းမယ့် Boeing 777လေယာဉ်မှ ဖြစ်ပါတယ်။ လေယာဉ်မထွက်ခွာမီ မိနစ် ၅၀ အလိုမှာ လေယာဉ်မှူးကို အရက်သောက်ထားကြောင်း စစ်ဆေးသိရှိခဲ့ရပါတယ်။ ထို့နောက် လေယာဉ်ကို ၆၉ မိနစ်ကြာ နောက်ကျပြီးမှ ထွက်ခွာနိုင်ခဲ့တယ်လို့ BBC သတင်းက ပြောပါတယ်။

ဂျပန်လေကြောင်းလိုင်းက ယခုဖြစ်ရပ်အတွက် တောင်းပန်စာထုတ်ပြန်ခဲ့ပြီး နောက်နောင်မှာ အလားတူဖြစ်ရပ်မျိုး မဖြစ်စေရန် အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ လေကြောင်းခရီးစဉ် ဘေးကင်းလုံခြုံမှုဟာ မိမိတို့ရဲ့ အစွမ်းကုန်ဆောင်ရွက်တဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့လည်း ဂျပန်လေကြောင်းလိုင်းက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က