တံတားပေါ်မှ ၁၆၄ ပေအမြင့်ကနေ မြစ်ထဲကို ထိုးကျသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ချုံကင်းဒေသမှာ အောက်တိုဘာ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားတစ်စီး ယန်ဇီမြစ်ထဲထိုးကျပြီး လူ ၁၃ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ ယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးတို့ ရန်ပွဲဖြစ်ကာ အပြန်အလှန် ထိုးကြိတ်ကြရာမှ အစပြုဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ယနေ့ (နိုဝင်ဘာ ၂ ရက်) ပြောပါတယ်။

Photo: Xinhua/Twitter





အဆိုပါ ဘတ်စ်ကားဟာ ချုံကင်းဒေသ ဝမ်ဇူးခရိုင်အတွင်း ယန်ဇီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့တံတားပေါ်မှ ၁၆၄ ပေအမြင့်ကနေ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ ထိုဖြစ်ရပ်အတွင်း သေဆုံးသူ ၁၃ ဦး အလောင်းတွေကို ပြန်ရှာတွေ့ခဲ့ပြီး အခြားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဘတ်စ်ကားကို ပြန်လည်ဆယ်ယူခဲ့ပြီးနောက် ကားအတွင်းပိုင်း လုံခြုံရေးကင်မရာမှတ်တမ်းအရ မြစ်ထဲထိုးမကျမီမှာ ခရီးသည်တစ်ဦးက ယာဉ်မောင်းကို ရိုက်နှက်ခဲ့ရာ ယာဉ်မောင်းကလည်း လက်တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

Photo: Xinhua/Twitter



ဘတ်စ်ကားရဲ့ မျက်နှာချင်းဆိုင်ဘက် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေရဲ့ ကင်မရာမှတ်တမ်းမှာတော့ အဆိုပါဘတ်စ်ကားဟာ ရုတ်တရက် တစ်ဖက်ယာဉ်ကြောကို ရောက်လာခဲ့ပြီးနောက် တံတားလက်ရန်းကို ဝင်တိုက်ကာ မြစ်ထဲထိုးကျသွားခဲ့တာ တွေ့ခဲ့ရပါတယ်။

Photo: Xinhua/Twitter



ဝမ်ဇူးရဲတပ်ဖွဲ့ရဲ့ အဆိုအရ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးခရီးသည်က သူမ ဆင်းရမယ့်မှတ်တိုင် ကျော်လွန်လာခဲ့ရာ ဘတ်စ်ကားယာဉ်မောင်းကို ရပ်ပေးရန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Photo: Xinhua/Twitter



ယာဉ်မောင်းဖြစ်သူက ရပ်မပေးခဲ့ရာ အဆိုပါ အမျိုးသမီးက သူမရဲ့ဖုန်းဖြင့်  ယာဉ်မောင်းရဲဦးခေါင်းကို ထုရိုက်က်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ထို့နောက် ၎င်းတို့နှစ်ဦး အပြန်အလှန် ထိုးကြိတ်ရိုက်နှက်ခဲ့ကြရာမှ ယာဉ်မောင်းဟာ ဘတ်စ်ကားကို မထိန်းနိုင်ဖြစ်ကာ မြစ်ထဲထိုးကျသွားခဲ့ပါတယ်။

Photo: Xinhua



ဘတ်စ်ကားထိုးကျသွားတဲ့ မြစ်အတွင်းမှာ အသက်ကယ်စက်တပ်လှေ ၇၀ ကျော်ဖြင့် ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ မြစ်ထဲထိုးကျသွားတဲ့ ဘတ်စ်ကားကို နိုဝင်ဘာ ၁ ရက် ညပိုင်းမှာ ကရိန်းဖြင့် ပြန်လည်ဆယ်ယူခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က