တက္ကသိုလ်နောက်ဆုံးနှစ် တက်ရောက်နေကြတဲ့ အမေရိကန်လူငယ်စုံတွဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှ ကြင်စဦးဇနီးမောင်နှံ လူငယ်စုံတွဲတစ်တွဲဟာ ၎င်းတို့ရဲ့ မင်္ဂလာပွဲကနေ ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီးနောက် အဆိုပါ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

https_%2F%2Fcdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F181105101605-01-newlyweds-texas-helicopter-crash.jpg

မင်္ဂလာပွဲမှအပြန် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည့် စုံတွဲ (Photo: CNN)



ဝီလ်ဘိုင်လာနဲ့ ဘိုင်လီအက်ကာမန်ဘိုင်လာတို့ ကြင်စဦးဇနီးမောင်နှံဟာ စနေနေ့ (နိုဝင်ဘာ ၃ ရက်) ညပိုင်းက ၎င်းတို့ရဲ့မင်္ဂလာပွဲကနေ ပြန်လည်ထွက်ခွာလာခဲ့စဉ် ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ပါတယ်။

ဘိုင်လာဇနီးမောင်နှံဟာ ဆမ်ဟူစတန် ပြည်နယ်တက္ကသိုလ်မှာ ပညာသင်ကြားနေကြသူတွေဖြစ်ပြီး ၎င်းတို့စုံတွဲ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်းကို တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ဦးစီးထုတ်ဝေနေတဲ့ Houstonian သတင်းစာမှာ ပထမဆုံး ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

2018-11-06_071000.jpg

(ဘိုင်လာစုံတွဲကို မင်္ဂလာပွဲမှာ တွေ့ရစဉ်) Photo: CNN



ဘိုင်လာတို့စုံတွဲရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြသူတွေကလည်း ဆိုရှယ်မီဒီယာမှာ မင်္ဂလာပွဲဓာတ်ပုံတွေနဲ့အတူ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးဟာ ရဟတ်ယာဉ်ပျက်ကျပြီး မသေဆုံးမီ တစ်နာရီကျော်ကမှ လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကြင်စဦးဇနီးမောင်နှံ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ ဘိုင်လာမိသားစုရဲ့ စိုက်ပျိုးမွေးမြူရေးခြံမှာ ပျက်ကျခဲ့ပါတယ်။ ရဟတ်ယာဥၤပျက်ကျမှုအတွင်း ပိုင်းလော့ဖြစ်သူလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဘိုင်လာဇနီးမောင်နှံရဲ့ သူငယ်ချင်းတစ်ဦးက Instagram မှာ တင်ထားသည့် မင်္ဂလာပွဲဓာတ်ပုံတစ်ပုံ (Photo: Trippin_Flippin IG)



Houstonian သတင်းစာမှာ ဖော်ပြထားမှုအရ ဝီလ်ဘိုင်လာဟာ တက္ကသိုလ်မှာ စိုက်ပျိုးရေးဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်ကို သင်ယူနေသူဖြစ်ပြီး တက္ကသိုလ်ရဲ့ မြင်းစီးအဖွဲ့မှာလည်း အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

ဘီလ်ရဲ့ အသစ်စက်စက်ဇနီးဖြစ်သူ ဘိုင်လီအက်ကာမန်ဘိုင်လာကတော့ စိုက်ပျိုးရေးဆိုင်ရာ ဆက်သွယ်ရေးဘာသာရပ်ကို သင်ကြားနေသူ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးလုံးဟာ တက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်ရောက်နေကြသူတွလို့ ဆိုပါတယ်။

ရဟတ်ယာဉ်မောင်းနှင်သူ (Photo: ABC13 Houston)



အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်လုံခြုံရေးဘုတ်အဖွဲ့ရဲ့ အဆိုအရ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ Bell 206B အမျိုးအစား အင်ဂျင်နှစ်လုံးတပ် ရဟတ်ယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပျက် အစိတ်အပိုင်းတွေကို တနင်္ဂနွေနေ့ (အောက်တိုဘာ ၄ ရက်) မနက်ပိုင်းမှာ တွေ့ရှိခဲ့ရပြီး လူသေဆုံးမှုတွေရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သို့သော် သေဆုံးသူတွေရဲ့ အချက်အလက်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူးလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က