အဝါရောင်အရည်သောက်နေရတဲ့ ဝန်ထမ်းတွေရဲ့ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်ကုမ္ပဏီတစ်ခုမှ အရောင်းသတ်မှတ်ချက် မပြည်မီတဲ့ ဝန်ထမ်းတွေကို ကျင်ငယ်ရည်သောက်ပြီး ပိုးဟပ်စားခိုင်ခဲ့တဲ့ သက်ဆိုင်ရာ ဌာနမန်နေဂျာတွေကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။





ခါးပတ်တစ်ခုဖြင့် အရိုက်ခံနေရပြီး အဝါရောင်အရည်သောက်နေရတဲ့ ဝန်ထမ်းတွေရဲ့ဗီဒီယိုု အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ကုမ္ပဏီမန်နေဂျာတွေကို အရေးယူခဲ့ကြောင်း သိရပါတယ်။

ဆိုရှယ်မီဒီယာမှာ ရေးသားထားမှုအရ ဝန်ထမ်းတွေဟာ သတ်မှတ်ထားတဲ့ အရောင်းပမာဏရည်မှန်းချက် မပြည့်မီပါက ပိုးဟပ်တွေစားရမယ်လို့လည်း ပြောဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီမှ မန်နေဂျာသုံးဦးကို ထောင်ဒဏ် ၁၀ ရက်စီ ချမှတ်ခဲ့တယ်လို့ South China Morning Post က ပြောပါတယ်။ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုထဲမှာ အမျိုးသားဝန်ထမ်းတစ်ဦးကို ခါးပတ်ဖြင့်ရိုက်နေတာ တွေ့ရတယ်လို့ဆိုပါတယ်။



တရုတ်နိုင်ငံ Guizhou မြို့ရှိ နေအိမ်ပြုပြင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဖြစ်ပုံရတဲ့ အခြား ဝန်ထမ်းတွေဟာလည်း နှာခေါင်းတွေကို လက်တစ်ဖက်ဖြင့်ပိတ်ပြီး ပလပ်စတစ်ခွက်တွေထဲမှ အဝါရောင်အရည်ကို သောက်နေတဲ့တာ ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် မန်နေဂျာတွေက စွမ်းဆောင်ရည်ညံ့တဲ့ ဝန်ထမ်းတွေကို ပိုးဟပ်စားရမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ မီဒီယာတွေမှာ ဖော်ပြမှုအရ အဆိုပါကုမ္ပဏီရဲ့ အခြားပုံစံ အပြစ်ပေးမှုတွေအနက် အိမ်သာရေကိုသောက်ခိုင်းခြင်း သို့မဟုတ် ဗီနီဂါရည်သောက်ခိုင်းခြင်းနဲ့ ခေါင်းတုံးတုံးစေခြင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။



ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ ကုမ္ပဏီဟာ ဝန်ထမ်းတွေကို လစာမပေးတာ ၂ လရှိပြီလို့လည်း ဆိုပါတယ်။ ဝန်ထမ်းတွေဟာလည်း အလုပ်ထွက်လိုက်ပါက ၎င်းတို့လစာ မရတော့မှာကို စိုးရိမ်နေကြပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါကုမ္ပဏီမှ မန်နေဂျာသုံးဦးကို ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

ယခုဖြစ်ရပ်ဟာ တရုတ်ကုမ္ပဏီတွေက ဝန်ထမ်းတွေကို ပုံမှန်မဟုတ်တဲ့ အပြစ်ပေးမှုတွေအနက် နောက်ဆုံးထွက်ပေါ်လာတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

ယခင်ကလည်း ဝန်ထမ်းတွေကို အလုပ်လုပ်ချင်စိတ် တိုးမြင့်လာစေရန် တစ်ဦးနဲ့တစ်ဦး ရိုက်စေခြင်းနဲ့ အများပြည်သူ သွားလာနေတဲ့ လမ်းမပေါ်မှာ တွာသွားခိုင်းခြင်း သို့မဟုတ် အမှိုက်ပုံးတွေကို နမ်းခိုင်းခြင်းတို့ဖြင့်လည်း အပြစ်ပေးခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က