ဘားဆိုင်အတွင်း လူ ၂၀၀ ထက်မနည်း ရှိနေခဲ့ပြီး အများစုဟာ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကျေးလက်ဂီတ ဘားဆိုင်တစ်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၁၂ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။



5932454-6366501-image-m-31_1541684456414.jpg

ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇ ရက်) ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ မှာ လော့စ်အိန်ဂျလိစ် အနောက်မြောက်ဘက် မိုင် ၄၀ အကွာ Thousand Oaks မြို့ရှိ ဘားဆိုင်မှာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇ ရက်) ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ အချိန်က ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

Borderline Bar and Grill ဘားဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် ဆိုင်အတွင်း လူ ၂၀၀ ထက်မနည်း ရှိနေခဲ့ပြီး အများစုဟာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ဖြစ်ကြပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ သေနတ်သမားကိုလည်း ဘားဆိုင်အတွင်း သေဆုံးလျက်သား တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။



သို့သော် သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခဲ့ခြင်း သို့မဟုတ် ရဲအရာရှိတွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းကိုမူ အတိအကျ မသိရသေးပါဘူး။ ယခု ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ရတဲ့အကြောင်းရင်းကိုလည်း ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယား ဘားဆိုင်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အလွန်ဆိုးဝါးတဲ့ဖြစ်ရပ်လို့ သမ္မတဒေါ်နယ်ထရန့်က Twitter မှာ ယနေ့ (နိုဝင်ဘာ ၈ ရက်) မနက်ပိုင်းမှာ ရေးသားခဲပါတယ်။ ဘားဆိုင်ပစ်ခတ်မှုကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့အရာရှိတွေရဲ့ ရဲစွမ်းသတ္တိကို သမ္မတထရန့်က ချီးကျူးခဲ့ပါတယ်။

ဘားဆိုင်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ရဲအရာရှိ



Borderline Bar and Grill ဘားဆိုင် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအနက် ရဲတပ်ဖွဲ့ဝင်အဖြစ် လုပ်သက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ရဲအရာရှိ Ron Helus လည်း ပါဝင်ခဲ့ကြောင်း Ventura Country ရဲတပ်ဖွဲ့အကြီးအကဲ Geoff Dean က ပြောပါတယ်။

ဘားဆိုင်မှာရှိနေခဲ့တဲ့ မျက်မြင်တွေရဲ့ အဆိုအရ သံသယရှိသူ သေနတ်သမားဟာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဘားဆိုင်လုံခြုံရေးကို ပထမဆုံးပစ်ခတ်ခဲ့ပြီးနောက် ဆိုင်အတွင်းဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။

ဘားဆိုင်မှာ ပစ်ခတ်ခဲ့သည့် မရိန်းတပ်သားဟောင်း Ian David Long



ထို့နောက် သေနတ်သမားက ဘားဆိုင်ထဲရှိ လူအုပ်အတွင်းကို မီးခိုးဗုံးတစ်လုံး ပစ်ထည့်ခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်သမားဟာ အသက် ၂၉ နှစ်အရွယ် Ian David Long အမည်ရှိ အမေရိကန် မရိန်းတပ်သားဟောင်းဖြစ်ပြီး ၎င်းမိခင်ရဲ့ကားဖြင့် ဘားဆိုင်ကိုရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။



ပစ်ခတ်မှုဖြစ်ပြီးနောက် ဘားဆိုင်အတွင်း သေနတ်အတိုတစ်လက်နဲ့ သံသယရှိသူ သေနတ်သမားကို သေဆုံးလျက်သား ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမားအဖြစ် သံသယရှိသူဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပေမဲ့ အတည်ပြုခြင်း မရှိသေးပါဘူး။


Borderline Bar and Grill ဘားဆိုင်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ  အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတွေဟာ ဘားဆိုင်မှာ အသက်အငယ်ဆုံး ၁၈ နှစ်အရွယ်တွေ ပါဝင်တက်ရောက်ကြတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေအတွက် အပြင်ဆင်များဖြင့် ဖွင့်လှစ်လေ့ရှိကြောင်းလည်း သိရပါတယ်။

အဆိုပါ ဘားဆိုင်ဟာ ကယ်လီဖိုးနီးယားရှိ Lutheran တက္ကသိုလ်၊ Pepperdine တက္ကသိုလ်နဲ့ Moorpark ကောလိပ်တို့အနီးမှာ တည်ရှိနေပြီး ကျောင်းသူကျောင်သားကြားမှာ ကျော်ကြားတဲ့ဘားဆိုင် ဖြစ်ပါတယ်။

Source: Daily Mail, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က