တောမီးလောင်နေမှုဟာ လေပြင်းတိုက်မှုကြောင့် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုများ နေရာနှစ်ခုမှာ ဖြစ်ပွားနေခဲ့မှုအတွင်း လူကိုးဦထက်မနည်း သေဆုံးခဲ့ပြီး လူဦးရေ ၂၅၀,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။

vehicles-and-homes-have-been-destroyed-by-the-camp-fire-in-paradise-california-1541783238560-5.jpg

ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ တောမီးလောင်ကျွမ်းပျက်စီးခဲ့တဲ့ မြို့ငယ်တစ်မြို့မှာ လူငါးဦးကို ၎င်းတို့ရဲ့ကားများအတွင်း သေဆုံးနေတာာ တွေ့ရပါတယ်။

လော့စ်အိန်ဂျလိစ် အနောက်ဘက်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အဓိက အဝေးပြေးလမ်းမကို ရောက်ရှိကျော်လွန်ခဲ့ပြီး ကမ်းရိုးတန်းဒေသများသို့ ဦးတည်ပျံ့နှံ့နေခဲ့တယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းဒေသရှိ မာလီဘူးမြို့မှာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

Photo: AP



လက်ရှိ နေရာနှစ်ခုမှာ တောမီးလောင်နေမှုဟာ လေပြင်းတိုက်မှုကြောင့် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ ယခု တောမီးလောင်မှုဟာ ကြာသပတေးနေ့ (နိုဝင်ဘာ ၈ ရက်) မှာ စတင်ဖြစ်ပွားခဲ့ပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

တောမီးလောင်မှုကြောင့် ဆန်ဖရန်စစ္စကို အရှေ့မြောက်ဘက် မိုင် ၁၅၀ အကွာရှိ ပါရာဒိုက်စ်မြို့မှာ လူနေအိမ်နဲ့ အခြား အဆောက်အအုံ ၁,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ အဆိုပါမြို့မှ လူဦးရေ ၂၇,၀၀၀ ဟာ တောမီးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။



တောမီးဟာ ဆက်လက် ပျံ့နှံ့ကူးစက်ခဲ့ပြီး ညလုံးပေါက် လောင်ကျွမ်းနေခဲ့ကာ လော့စ်အိန်ဂျလိစ် အနောက်ဘက်ရှိ အဓိက အဝေးပြေးလမ်းမကို ဖြတ်ကျော်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇ ရက်) က သေနတ်သမားတစ်ဦး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့တဲ့ လော့စ်အိန်ဂျလိစ် အနောက်မြောက်ဘက်ရှိ Thousand Oaks မြို့အနီးမှာလည်း တောမီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။



အဆိုပါမြို့ရှိ နေအိမ် ၇၅,၀၀၀ မှာ နေထိုင်ကြသူတွေ ရွှေ့ပြောင်းခဲ့ရပါတယ်။ နောက်ထပ်လည်း Thousand Oaks အနောက်ဘက်ရှိ မြို့ငယ်အချို့မှ မြို့ခံထောင်နဲ့ချီပြီး ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ညွန်ကြားထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က