ဂိုင်ယာနာနိုင်ငံ မြို့တော်ကနေ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို ဦးတည်ပျံသန်းတဲ့ လေယာဉ်ဖြစ်ပါတယ်။

ကနေဒါနိုင်ငံကို ပျံသန်းတဲ့လေယာဉ်တစ်စီး စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပြီး လူ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


DrnSAU5U4AADRWZ.jpg

နိုဝင်ဘာ ၉ ရက်နေ့ ဂိုင်ယာနာနိုင်ငံ ဂျော့ဂျ်တောင်းမြို့ကနေ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို ဦးတည်ပျံသန်းတဲ့ Fly Jamacia လေကြောင်းလိုင်းမှ Boeing 757 လေယာဉ်ဟာ လေဆိပ်မှထွက်ခွာပြီး မကြာမီမှာပင် အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ လေယာဉ်ပေါ်မှာ ခရီးသည် ၁၁၈ ဦးနဲ့ လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ဟာ Cheddi Jagan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်က အရေးပေါ်ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။



လေယာဉ်ရဲ့ ဟိုက်ဒရောလစ်ပိုင်းဆိုင်ရာ ပြဿနာကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ လေယာဉ် အရေးပေါ် ဆင်းသက်ရမှုအတွင်း ဒဏ်ရာရခဲ့သူတွေကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဂူယန်နာ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒေးဗစ်ပတ်တာဆန်က ပြောပါတယ်။

ဒဏ်ရာရခဲ့သူတွေရဲ့ အခြေအနေတည်ငြိမ်ကြောင်းနဲ့ အရိုးကျိုးတဲ့ဒဏ်ရာမျိုး မဖြစ်ခဲ့ဘူးလို့လည်း ၎င်းကဆိုပါတယ်။ ယခုဖြစ်ရပ်ဟာ သီတင်းနှစ်ပတ်အတွင်း Boeing အမျိုးအစားလေယာဉ် ဒုတိယအကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ထွက်ခွာလာတဲ့ Lion Air လေကြောင်းလိုင်းမှ Boeing 737 MAX 8 ခရီးသည်တင်လေယာဉ် ပင်လယ်ထဲကိုပျက်ကျပြီး လိုက်ပါလာသူ ၁၈၉ ဦးလုံး သေဆုံးခဲ့ပါတယ်။ Boeing ကုမ္ပဏီက အဆိုပါ လေယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ပြောထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က