တောမီးလွတ်ရာသို့ ထွက်ပြေးရသူတွေထဲမှာ ထင်ရှားတဲ့ အနုပညာရှင်အချို့လည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၂၅  ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

u-s--forest-service-firefighters-monitor-a-back-fire-while-battling-to-save-homes-at-the-camp-fire-in-paradise-7.jpg

ပြည်နယ်မြောက်ပိုင်း ပါရာဒိုက်စ်မြို့မှာ အလောင်း ၁၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူဦးရေ ၂၃ ဦး ဖြစ်လာခဲ့ပါတယ်။ နောက်ထပ်နှစ်ဦးမှာ ကယ်လီဖိုးနီးယားတောင်ပိုင်း မာလီဘူးမြို့အနီးမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။



ကယ်လီဖိုးနီးယားမှာ တောမီးလောင်မှုသုံးခု အကြီးအကျယ်ဖြစ်ပွားနေပြီး ခန့်မှန်းခြေ လူဦးရေ ၂၅၀,၀၀၀ ဟာ မီးဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ထိုအတောအတွင်း သမ္မတဒေါ်နယ်ထရန့်က သစ်တောထိန်းသိမ်းရေး စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေါသတကြီး အပြစ်တင် ပြောကြားလိုက်ပါတယ်။


ကယ်လီဖိုးနီးယားမှာ ကြာသပတေးနေ့ (နိုဝင်ဘာ ၈ ရက်) မှစပြီး Butte County တစ်လျှောက် တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားတွေက မီးလောင်မှုကို မရပ်တန့်နိုင်ခဲ့ဘဲ ပါရာဒိုက်စ်မြို့ဟာ တောမီးကြောင့် ပျက်စီးခဲ့ပါတယ်။

ပြည်နယ်တောင်ပိုင်းကမ်းခြေ မာလီဘူးအပန်းဖြေမြို့မှာလည်း သောကြာနေ့ (နိုဝင်ဘာ ၉ ရက်) က တောမီးများကူးစက်လောင်ခဲ့ပြီး ယခုအခါ အဆိုပါ တောမီးလောင်မှုပမာဏဟာ နှစ်ဆဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။



Woolsey လို့ သတ်မှတ်ခေါ်ဝေါ်ကြတဲ့ တောမီးဟာ မြေဧရိယာအကျယ်အဝန်း ဧက ၇၀,၀၀၀ မှာ လောင်ကျွမ်းနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း တောမီးလောင်မှု ၁၆ ခု ဖြစ်ပွားနေကြောင်း BBC သတင်းက ပြောပါတယ်။

တောမီးလောင်မှုဟာ အနုပညာလောကမှ ထင်ရှားကျော်ကြားသူတွေရဲ့ နေအိမ်များကိုလည်း ခြိမ်းခြောက်လာခဲ့ပြီး လေဒီဂါဂါ၊ ကမ်ကာဒါရှီယန်တို့ အပါအဝင် ကျော်ကြားသူအချို့ မီးဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က