စတော်ဘယ်ရီသီးထဲမှာ စက်ချုပ်အပ်ပါနေကြောင်း ပြောဆိုမှု ၂၀၀ နီးပါး ထွက်ပေါ်ခဲ့ပါတယ်။

သြစတြေးလျ စတော်ဘယ်ရီသီးတွေမှာ စက်ချုပ်အပ်များပါဝင်ခဲ့မှုနဲ့ ပတ်သက်ပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ကွင်းစ်လန်းပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

customer-notice-signs-are-displayed-underneath-packets-of-australia-strawberries-on-sale-at-a-supermarket-in-the-central-new-south-wales-town-of-mudgee-1.jpg

သြစတြေးလျ စူပါမတ်ကက်မှာ ဈေးဝယ်များကို သတိပေးထားမှု



ရှုပ်ထွေးနက်နဲပြီး အပြင်းအထန် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် My Ut Trinh အမည်ရှိ အဆိုပါ အမျိုးသမီးကြီးကို ဖမ်းဆီးမိခဲ့တယ်လို့ ကွင်းစ်လန်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနမှ ရဲမှူးဂျွန်ဝက်ကာက ပြောပါတယ်။



"ဒီအမှုက ကျွန်တော် ပါဝင်ဆောင်ရွက်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေထဲမှာ အားထုတ်ကြိုးပမ်းမှု အများဆုံးလုပ်ရတဲ့ အမှုတစ်ခုဖြစ်နိုင်ပါတယ်" လို့ ၎င်းကဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသမီးဟာ ယနေ့ (နိုဝင်ဘာ ၁၂ ရက်) တရားရုံးမှာ အမှုရင်ဆိုင်ရမယ်လို့ သိရပါတယ်။

ရဲမှူးဂျွန်ဝက်ကာ



သြစတြေးလျဒေါ်လာ သန်း ၁၆၀ တန်ဖိုးရှိတဲ့ သြစတြေးလျ စတော်ဘယ်ရီလုပ်ငန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှစပြီး စတော်ဘယ်ရီသီးထဲမှာ စက်ချုပ်အပ်တွေ ပါဝင်နေကြောင်း ပြောဆိုမှု ၂၀၀ နီးပါး ထွက်ပေါ်လာခဲ့ပြီးနောက် ဈေးကွက်ကိုရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှာ ဖမ်းဆီးခဲ့သည့် My Ut Trinh



စတော်ဘယ်ရီဖြစ်ရပ်ဟာ သြစတြေးလျမှာ အစားအစာနဲ့ပတ်သက်ပြီး အကြီးဆုံး စိုးရိမ်ထိတ်လန့်မှုလည်း ဖြစ်ခဲ့ပါတယ်။ စက်ချုပ်တွေပါနေတဲ့ သတင်းတွေကြောင့် သြစတြေးလျရှိ အဓိက စူပါမတ်ကက်ကြီးတွေက စတော်ဘယ်ရီသီးတွေကို ပြန်သိမ်းစေခဲ့ပြီး ဝယ်ယူသူတွေကလည်း စတော်ဘယ်ရီသီး မဝယ်ကြတော့တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။



ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးကို စတော်ဘယ်ရီသီးထဲမှာ စက်ချုပ်အပ်ပါဝင်နေမှု ၇ ခုအတွက် စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ စက်ချုပ်အပ်ပါခဲ့တဲ့ စတော်ဘယ်ရီ အမှတ်တံဆိပ်တွေထဲကတစ်ခုရဲ့ ဝန်ထမ်းဟောင်းတစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သို့သော် မည်သည့် အမှတ်တံဆိပ် စတော်ဘယ်ရီလုပ်ငန်းရဲ့ ဝန်ထမ်းဖြစ်ကြောင်းကိုမူ ရဲတပ်ဖွဲ့က မပြောခဲ့ပါဘူး။ ယခုဖြစ်ရပ်မှာ ပြစ်မှုထင်ရှားပါက ထိုအမျိုးသမီးဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က