ကင်မ်ဂျုံအန်က နည်းပညာမြင့် လက်နက်သစ်စမ်းသပ်မှုကို လာရောက်ကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နည်းပညာမြင့် လက်နက်သစ်တစ်မျိုး စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့ပြီး လက်နက်သစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အစိုးရသတင်းဌာနက ယနေ့ (နိုဝင်ဘာ ၁၆ ရက်) ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက်သစ်စမ်းသပ်မှုဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေကို ရိုက်ခတ်လာနိုင်ပါတယ်။



2018-10-31t213021z_7382083_rc17e79f8c10_rtrmadp_3_northkorea-politics.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်



ကင်မ်ဂျုံအန်က Academy of National Defence Science မှာ ပြုလုပ်ခဲ့တဲ့ နည်းပညာမြင့် မဟာဗျူဟာမြောက် လက်နက်သစ်စမ်းသပ်မှုကို လာရောက်ကြီးကြပ် စစ်ဆေးကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းဌာန Korean Central News Agency (KCNA) က ဆိုပါတယ်။

နည်းပညာမြင့် လက်နက်သစ်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ကြောင်း KCNA က ပြောခဲ့ပေမဲ့ လက်နက်သစ်အကြောင်းကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ မြောက်ကိုရီးယားအစိုးရက နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေကို ဆိုင်းငံ့ထားခြင်းက အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးကို အလျင်အမြန် တိုးတက်စေခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်ကလည်း မကြာခဏ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့စဉ်



ထရန့်နဲ့ကင်မ်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဦးတည်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြပါတယ်။ သို့သော် ထိုနောက်ပိုင်းမှာတော့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးမှာ သဘောထားကွဲလွဲမှုတွေရှိလာခဲ့ပြီး ဆွေးနွေးမှုတွေလုပ်ငန်းစဉ်လည်း တန့်နေခဲ့ပါတယ်။

ကင်မ်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ ထိပ်သီးတွေ့ဆုံခဲ့စဉ်



မြောက်ကိုရီးယားက မည်သည့် လက်နက်မျိုးကို ယနေ့ စမ်းသပ်ခဲ့ကြောင်း သိရှိနိုင်ရန် လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားက လက်နက်တည်ဆောက်မှုရပ်ဆိုင်းခြင်း သို့မဟုတ် ၎င်းရဲ့ဒုံးကျည် အခြေစိုက်စခန်းတွေကို ပိတ်သိမ်းခြင်းတို့ကို ကတိပေးထားတဲ့အတိုင်းလုပ်ဆောင်ခြင်းမရှိဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က