မိသားစုနဲ့အတူ ညစာစားနေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်စားပွဲဝိုင်းမှာ စားသောက်နေကြတဲ့ လူအုပ်စုအတွင်း ကားတစ်စီးက ဝင်တိုက်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး မြန်မာတစ်ဦး အပါအဝင် အခြား လေးဦးထက်နည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။



nahas_restoran_Serdang_FB1911.jpg

အခင်းဖြစ်နေရာမြင်ကွင်း



ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) ည ၈ နာရီ ၁၅ မိနစ်ခန့်က ဆီလန်ဂေါရှိ Taman Equine စားသောက်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွင်း မိသားစုနဲ့အတူ ညစာစားနေတဲ့ အသက် ၅၇ နှစ်အရွယ် သေဆုံးခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ အစ္စမာဒီဘော်ဟန်က ပြောပါတယ်။

"ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ကားမောင်းသူက ကားကိုမရပ်ခဲ့ဘဲ စားသောက်ဆိုင်ရှေ့ကလူတွေကို ဝင်တိုက်ခဲ့ပြီး တခြား ကားသုံးစီးကိုလည်း တိုက်ခဲ့ပါတယ်၊ ကားမောင်းသူက အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားခဲပါတယ်" လို့ ၎င်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

malaysia-accident-at-selangor-restaurant.jpg

ညစာစားနေသူတွေကို ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့သည့်နေရာ

ည ၈ နာရီခွဲအချိန်မှာ အဆိုပါြစ်ရပ် ဖြစ်ပွားကြောင်း သတင်းပေးပို့မှု လက်ခံရရှိပြီးနောက် Serdang မီးသတ်နဲ့ကယ်ဆယ်ရေးဌာနမှ အရာရှိ ဇိုလ်ကစ်ပ်လီဆိုင်လန်နဲ့ အခြား ခုနစ်ဦးက အခင်းဖြစ်နေရာကို  အလျင်အမြန် သွားရောက်ခဲ့ကြတယ်လို့ အဆိုပါ အရာရှိကပြောပါတယ်။

"အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်ပြီး အသက် ၃၁ နှစ်နဲ့ ၇၁ နှစ်ကြား အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်၊ ဒဏ်ရာရခဲ့သူတွေထဲကတစ်ယောက် မြန်မာနိုင်ငံသားဖြစ်ပါတယ်" လို့ ဇိုလ်ကစ်ပ်လီဆိုင်လန်က ပြောခဲ့ပါတယ်။

ညစာစားနေသူတွေကို ဝင်တိုက်ခဲ့သည့် ကားကိုတွေ့ရစဉ်



သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့အလောင်းနဲ့ ဒဏ်ရာရခဲ့သူလေးဦးကို Serdang ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ယခုဖြစ်ရပ်ဟာ စားသောက်ဆိုင်ရှေ့ရှိ ကားရပ်နားတဲ့နေရာမှာ ဖြစ်ပွားခဲ့ကြောင်းနဲ့ ထိုနေရာမှာ စားသုံးသူတွေအတွက် စားပွဲနဲ့ကုလားထိုင်များ ခင်းကျင်းထားကြောင်း မလေးရှားအစိုးရ သတင်းဌာန Bernama က ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့က ကားရဲ့အချက်အလက်တွေကို သိရှိနိုင်ရန်၊ အနီးအနားရှိ လုံခြုံရေးကင်မရာမှတ်တမ်းတွေကို စစ်ဆေးနိုင်ရန် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ Malay Mail အွန်လိုင်းသတင်းမှာ ဖော်ပြထားမှုအရ ကားမောင်းသူကို ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ဒေသစံတော်ချိန် မနက် ၁ နာရီ ၄၃ မိနစ်အချိန်က တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အခင်းဖြစ်နေရာမြင်ကွင်း



ဖမ်းဆီးမိခဲ့သူဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးသုံးထားခြင်း မရှိကြောင်း၊ သို့သော် ၎င်းရဲ့သွေးနမူနာကို အရက်သောက်ထားခြင်းနဲ့ပတ်သက်ပြီး စစ်ဆေးရန်အတွက် ရယူထားပါတယ်။ ထိုအမျိုးသားကို စုံစမ်းစစ်ဆေးမှုတွေ လုုပ်ဆောင်ရန်အတွက် တရားရုံးမှ ချုပ်မိန့်ရယူသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က