ရည်းစားဟောင်းဆရာဝန်က လက်ထပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ ဆေးရုံတစ်ရုံမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်မှုအတွင်း ၎င်းရဲ့ရည်းစားဟောင်းအပါအဝင် လူလေးဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း သိရပါတယ်။





ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ချီကာဂိုမြို့ရှိ Mercy ဆေးရုံမှာဖြစ်ပွားခဲ့တဲ့  ပစ်ခတ်မှုအတွင်း ရဲအရာရှိ ဆမ်မြူရယ်ဂျမ်မီနက်ဇ်၊ အသက် ၃၂ နှစ်အရွယ် သေနတ်သမား ဂျူအန်လိုပက်ဇ်နဲ့ ၎င်းရဲ့ရည်းစားဟောင်း ဆရာဝန်တာမာရာအိုနေးလ်နဲ့ အခြား အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့  Daily Mail သတင်းကဖော်ပြပါတယ်။

သေနတ်သမားက ရည်းစားဟေင်းဖြစ်သူ ဆရာဝန်တာမာရာအိုနေးလ်ကို မကျေနပ်ချက်ကြောင့် ဆေးရုံမှာ လာရောက် ပစ်ခတ်ခဲ့တယ်လို့  ယူဆကြပါတယ်။ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ သေနတ်သမားနဲ့ ဆရာဝန်တာမာရာအိုနေးလ်တို့ဟာ အောက်တိုဘာ၂၇ ရက်မှာ လက်ထပ်ရန်စီစဉ်ထားခဲ့ပေမဲ့ စက်တင်ဘာလအတွင်းမှာ ဆရာဝန်က အစီအစဉ် ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ရည်စားဟောင်းက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဆရာဝန်တာမာရာအိုနေးလ်



မျက်မြင်တွေရဲ့ အဆိုအရ ဂျူအန်လိုပက်ဇ်နဲ့  ဆရာဝန်တာမာရာအိုနေးလ်ကို ကားပါကင်နေရာမှာ အချေအတင် စကားများကြရာမှ ဂျူအန်လိုပက်ဇ်က သေနတ်ဖြင့်သုံးချက် ပစ်ခတ်ခဲ့ပြီးနောက် သူမ မြေပြင်ပေါ်ကို လဲကျသွားခဲ့ကြောင်း သိရပါတယ်။ ထို့နောက် သေနတ်သမားက လဲကျနေတဲ့ တာမာရာအိုနေးလ်ကို သေနတ်ဖြင့် နောက်ထပ်သုံးချက် ထပ်မံပစ်ခတ်ခဲ့ပြီး ဆေးရုံထဲကို ဝင်ရောက်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့ရသူတွေက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ရဲအရာရှိ ဆမ်မြူရယ်ဂျမ်မီနက်ဇ်



ဆရာဝန်တာမာရာအိုနေးလ်က သူမ အလုပ်လုပ်နေတဲ့ Mercy ဆေးရုံ ကားပါကင်နေရာကို ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ရောက်ရှိလာခဲ့တယ်လို့လည်း  မျက်မြင်တွေက ဆိုပါတယ်။

သနတ်သမားက ဆေးရုံထဲမှာ နောက်ထပ် အမျိုးသမီးတစ်ဦးနဲ့ ရဲအရာရှိတို့ကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ရဲအရာရှိ ဆမ်မြူရယ်ဂျမ်မီနက်ဇ်ဟာ ၎င်းရဲ့ အစမ်းခန့်ကာလ ပြီးဆုံးခါစသာ ရှိနေသေးကြောင်းလည်း သိရပါတယ်။



ပစ်ခတ်မှုအတွင်း ဒဏ်ရာအပြင်းအထန်ရပြီးနောက် သေဆုံးခဲ့တဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးဟာ Mercy ဆေးရုံမှာ ဆေးဝါးကျွမ်းကျင်သူအဖြစ် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူမရဲ့ အချက်အလက်ကိုတော့ အာဏာပိုင်တွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ချီကာဂိုမြို့ရှိ Mercy ဆေးရုံမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာအပြင်းအထန်ရခဲ့သူ နှစ်ဦးအနက်တစ်ဦးမှာ ရဲအရာရှိဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ သေနတ်သမားက နောက်ထပ် ရဲအရာရှိတစ်ဦးကိုလည်း ပစ်ခတ်ခဲ့သေးပေမယ့် ၎င်းရဲ့သေနတ်မှာ ကျည်ဆန်မထွက်ခဲ့ဘူးလို့ ဆိုပါတယ်။ သေနတ်သမား မည်သို့ သေဆုံးသွားခဲ့ကြောင်းကိုတော့ သတင်းတွေက ဖော်ပြထားခြင်း မရှိသေးပါဘူး။



"Mercy ဆေးရုံပစ်ခတ်မှုမှာ ရဲအရာရှိတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်၊ သူက သေရေးရှင်ရေး အခြေအနေမှာပါ၊ ဒါပေမဲ့ သူ့ကို အကောင်းဆုံး ကုသပေးနေပါတယ်၊ ကျေးဇူးပြုပြီး သူ့အတွက် ဆုတောင်းပေးကြပါ" လို့ ချီကာဂိုရဲတပ်ဖွဲ့မှ ဆက်သွယ်ရေးအရာရှိချုပ် Guglielmi က Twitter မှာ ရေးသားထားပါတယ်။

ယခု ပစ်ခတ်မှုဖြစ်ပွားတဲ့ Mercy ဆေးရုံလုပ်ငန်းကို ၁၈၅၂ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ချီကာဂိုတစ်ဝှမ်း နေရာအများအပြားမှာ ပြင်ပလူနာဌာနများ ဖွင့်လှစ်ကုသပေးနေပါတယ်။ Mercy က ရောဂါအခြေအနေ စိုးရိမ်ရသူတွေကိုလည်း ဆေးရုံံမှာ အတွင်းလူနာအဖြစ် ကုသမှုပေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က