အခြားအမျိုးသမီးနဲ့ နောက်ထပ် အချစ်ဇာတ်လမ်း ဆက်လိုတာကြောင့် မိသားစုကို သတ်ပစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှ အမျိုးသားတစ်ဦးကို ကိုယ်ဝန်ဆောင်ဇနီးနဲ့ သမီးနှစ်ဦးကိုသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။ တရားရုံးက ၎င်းကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ငါးကြိမ်ကျခံစေရန် အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ခရစ်ဝက်စ်မိသားစု



တရားရုံးက အသက် ၃၃ နှစ်အရွယ် ခရစ်ဝက်စ်ကို ကိုယ်ဝန်ဆောင်ဇနီးကို လည်ပင်းညှစ်သတ်မှု၊ သမီးနှစ်ဦးကို အသက်မရှူနိုင်အောင်လုပ်ပြီး သတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် နိုဝင်ဘာ ၁၉ ရက်မှာ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်များချမှတ်ခဲ့ပါတယ်။ ခရစ်ဝက်စ်ရဲ့ဇနီးဖြစ်သူက သားယောက်ျားလေး ကိုယ်ဝန်ဆောင်ထားခဲ့တယ်လို့လည်း  သိရပါတယ်။

ခရစ်ဝက်စ်က အခြားအမျိုးသမီးနဲ့ နောက်ထပ် အချစ်ဇာတ်လမ်း ဆက်လိုတာကြောင့် ကိုယ်ဝန်ဆောင်ဇနီးနဲ့ သမီးနှစ်ဦးကို သတ်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ခရစ်ဝက်စ်က ကိုယ်ဝန် ၁၅ ပတ်ရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် ရှာနန်ဝက်စ်၊ ၎င်းတို့ရဲ့ သမီးနှစ်ဦးဖြစ်တဲ့ အသက် ၃ နှစ်အရွယ် ဆလက်စ်တီနဲ့ အသက် ၄ နှစ်အရွယ် ဘယ်လာတို့ကိုသတ်ပြီး  အလောင်းဖျောက်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ဇနီးနဲ့ သမီးနှစ်ဦးကို သတ်ခဲ့သည့် ခရစ်ဝက်စ်



ရှာနန်ရဲ့ မိသားစုဝင်တွေက ခရစ်ဝက်စ်ကို သေဒဏ်ပေးရန် တောင်းဆိုခဲ့ကြပေမဲ့ ၎င်းဟာ သေဒဏ်မှ လွတ်မြောက်ခဲ့ပါတယ်။ "ဒီအမှုက ကျွန်တော် စီရင်ချက်ချခဲ့တဲ့ အမှုတွေထဲမှာ လူမဆန်ဆုံးနဲ့ အရက်စက်ဆုံး ပြစ်မှုတစ်ခုတောင် ဖြစ်နိုင်ပါတယ်" လို့ တရားသူကြီးလုပ်သက် ၁၇ နှစ်ရှိသူ မာဆယ်လိုကော့ပ်ကောင်းက Weld County District တရားရုံးမှာ မှတ်ချက်ပြုခဲ့ပါတယ်။

ခရစ်ဝက်စ်နဲ့ အချစ်ဇာတ်လမ်းဖြစ်ခဲ့ကြောင်း ဖွင့်ဟလာသည့် နစ်ကိုးလ်



ကိုယ်ဝန်ဆောင် ရှာနန်နဲ့ သမီးနှစ်ဦးတို့ဟာ သြဂုတ် ၁၃ ရက်မှာ ပျောက်ဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။ ထို့နောက်  ခရစ်ဝက်စ်ကို သံသယရှိမှုဖြင့် ဖမ်းဆီးစွဲချက်တင်ခဲ့ပြီး ရှာနန်နဲ့သမီးနှစ်ဦးကို အာဏာပိုင်တွေက ရှာဖွေခဲ့ကြပါတယ်။ ရှာနန်ရဲ့အလောာင်းကို အနည်းငယ်သာ တူးထားခဲ့တဲ့ တွင်းတစ်ခုအတွင်း မြှုပ်နှံထားပြီး ကလေးနှစ်ဦးရဲ့ အလောင်းတွေကိုတော့ ရေနံသိုလှောင်ကန်ထဲမှာ ရှာဖွေတွေ့ခဲ့ကြောင်း သိရပါတယ်။

တရားခွင်မှာတွေ့ရသည့် ရှာနန်ရဲ့ မိဘနှစ်ဦး



ခရစ်ဝက်စ်က ၎င်းရဲ့အလုပ်မှ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးနဲ့ အချစ်ဇာတ်လမ်း ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ခရစ်ဝက်စ်နဲ့ အချစ်ဇာတ်လမ်းဖြစ်ခဲ့တဲ့ အမျိုးသမီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က Denver Post သတင်းစာမှာ ဖွင့်ဟပြောဆိုခဲ့တဲ့ အသက် ၃၀ နှစ်အရွယ် နစ်ကိုးလ်ကက်စင်ဂျာဖြစ်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဘယ်လာနှင့် ဆလက်စ်တီ ညီအစ်မနှစ်ဦး



၎င်းတို့နှစ်ဦးဟာ ယခုနှစ် ဇူလိုင်လမှစပြီး တွဲခဲ့ကြကြောင်းနဲ့ ခရစ်ဝက်စ်က ဇနီးဖြစ်သူနဲ့ကွာရှင်းရန် စီစဉ်နေမှု အပြီးသတ်တော့မယ်လို့ သူမကိုပြောခဲ့ကြောင်း နစ်ကိုးလ်က ဆိုပါတယ်။ နစ်ကိုးလ်က အဖြစ်မှန်အားလုံးကို ကိုယ်ဝန်ဆေင်မိခင်နဲ့ သမီးနှစ်ဦး ပျောက်ဆုံးမှုနဲ့ ခရစ်ဝက်စ်ကို ဖမ်းဆီးလိုက်ကြောင်း သတင်းတွေထွက်ပေါ်မှသာ သိရှိခဲ့ရတယ်လို့ Denver Post သတင်းစာကို ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က