မင်္ဂလာပွဲကျင်းပနေစဉ်မှာ သတို့သားရဲ့ခန္ဓာကိုယ်အတွင်း သေနတ်ကျည်ဆန်ရှိနေဆဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ သတို့သားတစ်ဦးဟာ ဒေလီမြို့မှာပြုလုပ်မယ့် ၎င်းရဲ့မင်္ဂလာပွဲကိုသွားတဲ့လမ်းမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပေမဲ့ ရည်ရွယ်ထားတဲ့အတိုင်း မင်္ဂလာပွဲကို မဖြစ်ဖြစ်အောင် ဆင်နွှဲခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။



အိန္ဒိယသတို့သားများ လိုက်ပါစီးနင်းလေ့ရှိသည့် ရထားလုံး



အသက် ၂၅ နှစ်အရွယ် သတို့သားဟာ သေနပစ်ခံရပြီးနောက် နာရီအနည်းငယ်ကြာတဲ့ ခွဲစိတ်ကုသမှုခံကာ ၎င်းရဲ့ သတို့သမီးဆီကို အရောက်သွားပြီး မင်္ဂလာပွဲဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲကျင်းပနေစဉ်မှာ သတို့သားရဲ့လက်မောင်းအတွင်း သေနတ်ကျည်ဆန်ရှိနေဆဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က တနင်္လာနေ့ (နိုဝင်ဘာ ၁၉ ရက်) ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်မှ သံသယရှိသူနှစ်ဦးကို ရှာဖွေနေကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ အိန္ဒိယမင်္ဂလာပွဲတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားတဲ့ ပထမဆုံးဖြစ်ရပ် မဟုတ်ဘူးလို့ ဆိုပါတယ်။ ယခုနှစ် ဧပြီလအတွင်းနဲ့ ၂၀၁၆ ခုနှစ်မှာ အိန္ဒိယသတို့သားတွေ ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိခဲ့ပါတယ်။

မျက်မြင်တွေရဲ့ ပြောကြားမှုအရ သေနတ်သမားနှစ်ဦးက အခင်းဖြစ်နေရာကို ဒေသစံတော်ချိန် ည နာရီခန့်မှာ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ကာ ဝရုန်းသုန်းကားဖြစ်နေစဉ်အတွင်း ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။



သေနတ်သမားနှစ်ဦးက ပစ်ခတ်ခြင်းမပြုမီ သတို့သားလိုက်ပါမယ့် မင်္ဂလာရထားလုံးပေါ်ကို တက်ခဲ့ကြသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ ကြုံရာလူကို တိုက်ခိုက်မှုတစ်ခု မဟုတ်ဘူးလို့လည်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

 သတို့သားဟာ သူငယ်ချင်းများနဲ့ မိသားစုတွေခြံရံကာ ကျယ်လောင်တဲ့ ဂီတသံတွေနဲ့အတူ ကခုန်နေစဉ် ပစ်ခတ်ခံခဲ့ရပါတယ်။ သေနတ်သမားတွေက သတို့သားကို သေစေရန် တမင်ရည်ရွယ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

 ထို့နောက် သေနတ်ဒဏ်ရာရသွားတဲ့ သတို့သားကို ညီအစ်ကိုတော်စပ်သူက Batra ဆေးရုံသို့ပို့ဆောင်ပြီး ကုသမှုခံယူခဲ့ရတယ်လို့ လက်ထောက်ရဲမှူး ဗီဂျေကူးမားက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

ဆရာဝန်တွေက သတို့သားရဲ့ သေနတ်ဒဏ်ရာကို သွေးတိတ်စေရန် ကုသပေးခဲ့ပေမဲ့ ကျည်ဆန်ထုတ်ယူရန် အကြီးစား ခွဲစိတ်ကုသမှု ပြုလုပ်ရအုံးမှာဖြစ်ပါတယ်။ မင်္ဂလာပွဲအပြီးမှာတော့ သတို့သားဟာ ဆေးရုံကိုပြန်သွားခဲ့ရတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က