လွန်ခဲ့တဲ့ သုံးလကတည်းက သတ်ထားခဲ့တာဖြစ်ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (United Arab Emirates - UAE) မှာ နေထိုင်လျက်ရှိတဲ့ မော်ရိုကို အမျိုးသမီးတစ်ဦးက သူမရဲ့ချစ်သူကိုသတ်ပြီး ပါကစ္စတန်အလုပ်သမားတွေကို ဟင်းလျာအဖြစ် ချက်ကျွေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်

မော်ရိုကိုအမျိုးသမီးက ချစ်သူကိုသတ်ပြီး ချက်ကျွေးခဲ့သည့် UAE ရိုးရာ ထမင်းနဲ့ဟင်းလျာ



ထိုအမျိုးသမီးက သူမရဲ့ချစ်သူ အမျိုးသားကို လွန်ခဲ့တဲ့ သုံးလကတည်းက သတ်ထားခဲ့တာဖြစ်ပေမဲ့ ၎င်းတို့နေအိမ်ရှိ ဘလန်ဒါ (blender) ထဲမှာ လူသွားတစ်ချောင်းကို တွေ့ရှိခဲ့မှသာ ယခုဖြစ်ရပ်ကို ဖော်ထုတ်သိရှိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးက ချစ်သူကိုသတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ကြောင်းနဲ့ အရူးတစ်ပိုင်းဖြစ်သွားတဲ့ အခိုက်အတန့်မှာ ကျူးလွန်ခဲ့မိတဲ့ပြစ်မှုဖြစ်ကြောင်း UAE အစိုးရသတင်းစာ The National က ဖော်ပြပါတယ်။ အသက် ၃၀ ကျော်အရွယ် အဆိုပါ အမျိုးသမီးကို တရားရုံးမှာ စွဲချက်တင်သွားမယ်လို့ သိရပါတယ်။

မော်ရိုကိုအမျိုးသမီးနဲ့ အသတ်ခံခဲ့ရတဲ့ အမျိုးသားတို့ဟာ ချစ်သူသက်တမ်း ခုနစ်နှစ်ကြာပြီလို့လည်း ဆိုပါတယ်။ ချစ်သူအမျိုးသားက မော်ရိုကိုမှ အခြားအမျိုးသမီးတစ်ဦးကို လက်ထပ်တော့မယ်လို့ ထုတ်ပြောခဲ့ပြီးနောက် သူမက ချစ်သူကိုသတ်ခဲ့ကြောင်း The Natiional သတင်းက ဖော်ပြပါတယ်။

အခင်းဖြစ်ပွားခဲ့ရာ Al Ain မြို့ မြင်ကွင်းတစ်ခု



မော်ရိုကိုအမျိုးသမီးက ချစ်သူကို မည်သို့သတ်ခဲ့ကြောင်းကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ထိုအမျိုသမီးက သူမရဲ့ချစ်သူကိုသတ်ပြီးနောက် အနီးအနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပါကစ္စတန်အလုပ်သမားတွေကို UAE ရိုးရာ ထမင်းနဲ့ဟင်းလျာအဖြစ် ချက်ကျွေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

အသတ်ခံရတဲ့ အမျိုးသားနဲ့ ညီအစ်ကိုတော်စပ်သူက ၎င်းတို့ချစ်သူနှစ်ဦး နေထိုင်ကြတဲ့ အိုမန်နိုင်ငံနဲ့နယ်စပ်အနီး Al Ain မြို့ရှိ နေအိမ်ကိုသွားရောက်ခဲ့စဉ် ဘလန်ဒါအတွင်း လူသွားတစ်ချောင်းကို တွေ့မိရာမှာ မင်္သကာဖြစ်ကာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီးနောက် ထိတ်လန့်တုန်လှုပ်စရာ ယခုဖြစ်ရပ် စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က