ဆစ်ဒနီမြို့ကိုလည်း ဖုန်မှုန်တွေ စတင်ရောက်ရှိလာမယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတစ်လျှောက် နေရာဒေသတွေမှာ ကြီးမားတဲ့ သဲမုန်တိုင်းတိုက်ခဲ့ပြီး ကောင်းကင်ဟာ လိမ္မော်ရောင်ပြောင်းသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၁ ရက်) က စတင်တိုက်ခတ်နေခဲ့တဲ့ သဲမုန်တိုင်းကြောင့် လေထုမသန့်ရှင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။



Broken Hill မြို့မှာ နိုဝင်ဘာ ၂၁ ရက်နေ့က သဲမုန်တိုင်း တိုက်ခတ်စဉ်



သဲမုန်တိုင်းတိုက်မှုကြောင့် မိုင် ၃၁၀ ကျယ်ဝန်းတဲ့ ပမာဏရှိ ဖုန်မှုန်ပြင်ကြီးဟာ ဆစ်ဒနီမြို့ကို စတင်ရောက်ရှိလာမယ်လို့ အာဏာပိုင်တွေက ယနေ့ (နိုဝင်ဘာ ၂၂ ရက်) သတိပေးချက် ထုတ်ပြန်ထားပါတယ်။ New South Wales (NSW) ရှိ နေရာဒေသအများအပြားမှာ သဲမုန်တိုင်းကြောင့် မြင်ကွင်းမရှင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။

လေပြင်းများတိုက်ခတ်မှုကြောင့် ခြောက်သွေ့တဲ့ မြေပြင်မှ ဖုန်မှုန်တွေပျံ့လွင့်ကာ မုန်တိုင်းဖြစ်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ New South Wales ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက မိုးခေါင်တဲ့ရာသီဥတု သက်ရောက်မှုကြုံခဲ့မှုကြောင်လည်း သဲမုန်တိုင်းပြဿနာကို ပိုမိုဆိုးဝါးစေခဲ့ကြောင်း သြစတြေးလျ မိုးလေဝသဌာနက သုံးသပ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က ဆစ်ဒနီမြို့မှာ သဲမုန်တိုင်း တိုက်ခတ်ခဲ့စဉ်



ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းပြဿနတွေရှိတဲ့ ကလေးငယ်များနဲ့သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံတွေကို နေအိမ်အတွင်းမှာသာ နေထိုင်ကြရန် တိုက်တွန်းထားပါတယ်။

ဆစ်ဒနီမြို့နဲ့ ၆၈၃ မိုင်ကျော်ကွာဝေးတဲ့ Broken Hill မြို့မှ ဒေသခံတစ်ဦးက သဲမုန်တိုင်းဟာ နိုဝင်ဘာ ၂၁ ရက်နေ့က နာရီနဲ့ချီပြီး တိုက်ခတ်နေခဲ့ကြောင်း ပြောခဲ့ပါတယ်။ ယခု သဲမုန်တိုင်းဟာ ဆစ်ဒနီမြို့ကို မည်မျှအထိ ပြင်းထန်စွာ သက်ရောက်တိုက်ခတ်မယ့် အခြေအနေကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ မိုးလေဝသခန့်မှန်းသူတွေက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က