ပင်လယ်ပြင်အမှိုက်ပြဿနာ ကြီးမားစွာရင်ဆိုင်နေရမှုကို ထင်ရှားစေခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကမ်းလွန်ရှိ သန္တကျောက်တန်းများရှိရာ ကျွန်းများမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရေလှိုင်းတွေနဲ့အတူ အလွန်များပြားတဲ့ အမှိုက်သရိုက်များပါရှိလာမှုကို ရှင်းလင်းနေခဲ့ကြရတယ်လို့ ဆိုပါတယ်။



အဆိုပါကျွန်းများမှ ဒေသခံတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေ့စဉ် ရေလှိုင်းတွေနဲကအတူပါလာတဲ့ အမှိုက်တန်ချိန် ၄၀ ကျော်ကို ရှင်းလင်းခဲ့ကြရကြောင်း တာဝန်ရှိတစ်ဦးက ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေက ကမ်းရိုးတန်းနဲ့ အနီးပတ်ဝန်းကျင် ရေပြင်မှာ အမှိုက်များရှင်းလင်းရန်အတွက် စစ်တပ်အမှုထမ်းတွေနဲ့ ရေယာဉ်အုပ်စုကိုလည်း ဖြန့်ကျချထားရတယ်လို့ ဆိုပါတယ်။

ထိုအခြေအနေက အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံရဲ့ ပင်လယ်ပြင်အမှိုက်ပြဿနာ ကြီးမားစွာရင်ဆိုင်နေရမှုကို ထင်ရှားစေခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ တရုတ်နိုင်ငံပြီးပါက ကမ္ဘာ့ဒုတိယမြောက် ပင်လယ်ပြင်အမှိုက်စွန့်ပစ်မှုအများဆုံး နိုင်ငံဖြစ်နေပြီး နှစ်စဉ် အမှိုက်ပမာဏ ၁.၂၉ မက်ထရစ်တန် စွန့်ပစ်နေတယ်လို့လည်း သိရပါတယ်။





ယခုသီတင်းပတ် အမှိုက်ရှင်းလင်းမှုကို ဂျကာတာမြို့တော်မှ နေ့ချင်းပြန်သွားရောက်နိုင်တဲ့ Thousand Islands မှာ အဓိကထား လုပ်ဆေင်ခဲ့ပါတယ်။ Thousand Islands မှာ လိပ်အသေကောင်များ တွေ့ရှိရကြောင်း ပြောဆိုခဲ့ကြပေမဲ့ ထိုလိပ်များ သေဆုံးရမှုဟာ အမှိုက်သရိုက်တွေကို စားခဲ့မိတာကြောင့်ဟုတ် မဟုတ် အတိအကျ မသိရသေးကြောင်း ဒေသဆိုင်ရာ သဘာဝန်ပတ်ဝန်းကျင်ဌာနမှ အကြီးအကဲ Yusen Hardiman က ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်က ဆူလာဝေစီကျွန်းရှိ အမျိုးသားဥယျာဉ်တစ်ခုမှာ သောင်တင်သေဆုံးနေတဲ့ ဝေလငါးတစ်ကောင်ရဲ့ အစာအိမ်အတွင်းမှာ ပလပ်စတစ်ခွက် ၁၁၅ ခွက်နဲ့ ပလပ်စတစ်အိတ် ၂၅ လုံးကို တွေ့ရှိခဲ့ရပါတယ်။

ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက ၂၀၂၅ ခုနှစ်မှာ ပလတ်စတစ်အမှိုက်တွေကို ပင်လယ်ပြင်အတွင်းစွန့်ပစ်နေမှု ၇၀ ရာခိုင်နှုန်းသို့ လျှော့ချသွားရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ သုံးစွဲမယ်လို့ ကတိပြုပြောကြားထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က