အစ္စရေးရှေ့နေချုပ်က တရားစွဲဆိုခြင်းခြင်းပြု မပြု ဆုံးဖြတ်သွားရမှာပါ။

အစ္စရေးရဲတပ်ဖွဲ့က ၎င်းတို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဝန်ကြီးချုပ်နက်တန်ယာဟူနဲ့ ဇနီးဖြစ်သူဆာရာကို လိမ်လည်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် တရားစွဲရန် လုံလောက်တဲ့ သက်သေအထောက်အထားများ တွေ့ရှိခဲ့ရတယ်လို့ ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

_104584782_94897d9b-b2a9-4e9c-ad9b-d15803b2d018.jpg

(အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူနှင့် ဇနီး ဆာရာ)

အစ္စရေးဝန်ကြီးချုပ်နဲ့ဇနီးတို့ဟာ Bezeq ဆက်သွယ်ရေးကုမ္ပဏီနဲ့ ၎င်းရဲ့ အဓိက ရှယ်ယာရှင်ဖြစ်သူ Shaul Elovitch ကို လုပ်ငန်းလုပ်ပိုင်ခွင့်အတွက် အခွင့်အရေးပေးခဲ့ပြီး အပြန်အလှန်အားဖြင့် Bezeq က ပိုင်ဆိုင်တဲ့ Walla! သတင်းဝက်ဘ်ဆိုက်မှာ ၎င်းတို့ဇနီးမောင်နှံရဲ့ ကောင်းသတင်းတွေ အသားပေးဖော်ပြစေခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်နက်တန်ယာဟူက Case 4000 လို့ သိထားကြတဲ့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။ အစ္စရေးရဲတပ်ဖွဲ့က နက်တန်ယာဟူနဲ့ဇနီးကို တရားစွဲဆိုသင့်ကြောင်း ပြောကြားခဲ့ပြီးနောက်မှာတော့ အစ္စရေးရှေ့နေချုပ်အနေနဲ့ တရားစွဲဆိုခြင်းခြင်းပြု မပြု ဆုံးဖြတ်သွားရမှာ ဖြစ်ကြောင်း Reuteres သတင်းမှာ ဖော်ပြထားပါတယ်။


(Bezeq ရဲ့ အဓိက ရှယ်ယာရှင် Shaul Elovitch)

ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ရဲတပ်ဖွဲ့က အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူကို အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုနှစ်ခုမှာ တရားရုံးမှာ စွဲချက်တင်သင့်ကြောင်း ပြောထားခဲတယ်လို့ သိရပါတယ်။ ယခုတစ်ဖန် ဒီဇင်ဘာ ၂ ရက်မှာလည်း အစ္စရေးရဲတပ်ဖွဲ့နဲ့ အစ္စရေးလုံခြုံရေးအာဏာပိုင်တွေက နက်တန်ယာဟူနဲ့ဇနီးတို့ကို လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှုဖောက်ဖျက်မှုတို့ဖြင့် တရားစွဲရန် လုံလောက်တဲ့ သက်သေအထောက်အထားများ တွေ့ရှိရကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

(Bezeq ဆက်သွယ်ရေးကုမ္ပဏီရုံးခန်းတစ်ခု)

ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ၎င်းအပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး "ရဲတပ်ဖွဲ့ရဲ့ ဒီထောက်ခံမှုတွေက စုံစမ်းစစ်ဆေးမှုတွေ မစခင်ကတည်းတောင် ဆုံးဖြတ်ထားခဲ့ပြီး ပေါက်ကြားခဲ့တယ်" လို့ ဝန်ကြီးချုပ်နက်တန်ယာဟူက Twitter မှာ တုံ့ပြန်ပြောကြားထားပါတယ်။ "ဒီကိစ္စမှာ သက်ဆိုင်ရာ အဖွဲ့အစည်းက အကဲဖြတ်စစ်ဆေးပြီးရင်လည်း Bezeq ကို လုပ်ခွင့်ပေးမယ့် တူညီတဲ့ဆုံးဖြတ်ချက်ပဲ ထွက်ပေါ်လာမှာပါ" လို့လည်း အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ပြောခဲ့ပါတယ်။

နက်တန်ယာဟူရဲ့ဇနီး ဆာရာကို အစိုးရငွေများသုံးပြီး အစားအစာတွေ မှာယူခဲ့မှုအတွက်လည်း ယခုနှစ် ဇွန်လအတွင်း လိမ်လည်မှုဖြင့် တရားစွဲခဲ့သေးကြောင်း သိရပါတယ်။ ဆာရာက အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ဖိုးရှိ ရာနဲ့ချီတဲ့ အစားအစာမျိုးစုံကို အိမ်အတွက် စားသောက်ဆိုင်တွေကနေမှာယူခဲ့ရာမှာ အစိုးရငွေတွေသုံးစွဲခဲ့တယ်လို့ တရားရေးဌာနက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က