၁၉၅၄ ခုနှစ်မှာ အိုင်းစတိုင်း ရေးခဲ့တဲ့စာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ရူပဗေဒပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းက ကိုးကွယ်မှုဆိုင်ရာ ဘာသာအယူဝါဒနဲ့ ပတ်သက်ပြီး ရေးသားထားခဲ့တဲ့ စာတစ်စောင်ကို လေ့လံတင်ရောင်းချခဲ့ရာ မူလခန့်မှန်းဈေးထက် ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ ၂.၉ သန်းဖြင့် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။



"God letter" ခေါ်ကြတဲ့ အဆိုပါစာကို ၁၉၅၄ ခုနှစ်မှာ ရေးခဲ့တာဖြစ်ပြီး နယူးယော့ခ်လေ့လံပွဲမှာ အမြင့်ဆုံးဈေးနှုန်း ဒေါ်လာ ၁.၅ သန်းဖြင့် ရောင်းချနိုင်မယ်လို့ မူလက ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

နိုဘယ်ဆုရ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက အသက် ၇၅ နှစ်အရွယ်မှာ ဂျာမန်တွေးခေါ်ပညာရှင် Eric Gutkind ထံသို့ ၎င်းရဲ့အလုပ်တစ်ခုကို ပြန်ကြားချက်အဖြစ် တစ်မျက်နှာခွဲရှိ စာတစ်စောင် ရေးသားပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

အိုင်းစတိုင်းရဲ့ အဆိုပါပေးစာဟာ သိပ္ပံပညာနဲ့ ဘာသာအယူဝါဒကြား အချေအတင် ဆွေးနွေးငြင်းခုန်ရာမှာ အဓိကကျတဲ့ ပြောကြားချက်တစ်ခုအဖြစ် သိမှတ်ခဲ့ကြပါတယ်။



"အံ့သြစရာကောင်းအောင် ပွင့်ပွင့်လင်းလင်း ရေးသားပြောဆိုထားတဲ့ ဒီစာကို အိုင်းစတိုင်းက သူ မကွယ်လွန် တစ်နှစ်အလိုမှာ ရေးခဲ့တာပါ၊ ဒီစာထဲမှာ အိုင်းစတိုင်းက သူ့ရဲ့ ဘာသာရေးယုံကြည်မှုနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောထားအမြင်တွေကို အရှင်းလင်းဆုံး ရေးသားထားခဲ့ပါတယ်" လို့ Christie's လေလံကုမ္ပဏီက ပြောပါတယ်။

အိုင်းစတိုင်းရဲ့စာကို Chrisite's က ခန့်မှန်းခဲ့တဲ့ ဒေါ်လာတစ်သန်းနဲ့ ၁.၅ သန်းကြား လေလံဈေးထက် နှစ်ဆနီးပါးပိုမိုတဲ့ဈေးဖြင့် ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါစာကို အိုင်းစတိုင်းက ၎င်းရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ဂျာမန်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်မှုနဲ့ပတ်သက်တဲ့ ၎င်းရဲ့အမြင်တွေကို ပြောထားတယ်လို့ သိရပါတယ်။  အိုင်းစတိုင်းရေးခဲ့တဲ့ စာတွေကို လေလံတင်ရောင်းချမှုဟာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ဆိုပါတယ်။



ယမန်နှစ်ကလည်း ၎င်းကိုတွေ့ဆုံရန် ငြင်းဆိုခဲ့တဲ့ အီတလီ ဓာတုဗေဒကျောင်းသားတစ်ဦးထံ အိုင်းစတိုင်းရေးခဲ့တဲ့ စာတစ်စောင်ကို ဒေါ်လာ ၆,၁၀၀ ဖြင့် ရောင်းချခဲ့ဖူးတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ၁၉၂၈ ခုနှစ်မှာ အိုင်းစတိုင်းရေးခဲ့တဲ့ စာတစ်စောင်ကိုလည်း ထိုစဉ်က ဒေါ်လာ ၁၀၃,၀၀၀ ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ်မှာလည်း ပျော်ရွှင်စွာရှင်သန်နေထိုင်ဖို့အတွက် အကြံပြုရေးသားထားတဲ့ အိုင်စတိုင်းရဲ့ တစ်ကြောင်းတည်းပါ မှတ်စုတိုတစ်ခုကို ဂျေရုဆလင်မ်မြို့မှာ ဒေါ်လာ ၁.၅၆ သန်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က