AD
AD
AD

ဖိလစ်ပိုင်နိုင်ငံမှာ အသေးစား ခရီးသည်တင်လေယာဉ်တစ်စီး နေအိမ်တစ်လုံးပေါ် ပျက်ကျမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်ဟာ လေဆိပ်မှပျံတက်ပြီး မကြာမီ မနီလာမြို့မြောက်ဘက်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

play


မတ်လ ၁၇ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်ပေါ်မှာ လိုက်ပါလာသူငါးဦးနဲ့ နေအိမ်အတွင်းရှိနေသူ မိသားစုဝင်ငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ နေအိမ်အတွင်းရှိ မိသားစုဝင်ငါးဦးဟာ နေ့လယ်စာစားနေချိန်စဉ် လေယာဉ်ပျက်မှုကြောင့် သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။

play


Piper-23 Apache အမျိုးအစား လေယာဉ်ဟာ ဘူလာကင်ပြည်နယ် ပလာရီဒဲလ်မြို့ရှိ လေဆိပ်မှထွက်ခွာ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး နေအိမ်ထဲကို ထိုးဆင်းပျက်ကျသွားခဲ့ကြောင်း ဖိလစ်ပိုင်လေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ (Civil Aviation Authority of the Philippines) မှ ပြောခွင့်ရအမျိုးသားက အဲရစ်အေပိုလိုနီယိုနဲ့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

play


ထိုင်ခုံခြောက်ခုပါ လေယာဉ်ငယ်ပေါ်မှာ လိုက်ပါလာသူငါးဦးနဲ့ မြေပြင်ရှိ နေအိမ်အတွင်းမှ လူငါးဦးသေဆုံးခဲ့ကြောင်း ပလာရီဒဲလ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲက AP သတင်းဌာကို အတည်ပြု ပြောကြားခဲ့ပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ နေအိမ်ဟာ မီးလောင်မှုဖြစ်ခဲ့ကြောင်းနဲ့ မြေပြင်မှာရှိနေသူ အခြားနှစ်ဦး မီးလောင်ဒဏ်ရာများရခဲ့ကြောင်းလည်း သိရပါတယ်။

play


လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေကြောင်းနဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်ဟာ သစ်ပင်တစ်ပင်နဲ့တိုက်မိပြီးနောက် ဓာတ်အားလိုင်းတိုင်နဲ့ပါ ထပ်မံတိုက်မိကာ နေအိမ်ပေါ်သို့ ထိုးစိုက်ပျက်ကျခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတွေက ဆိုပါတယ်။ လေယ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD