AD
AD
AD

ဖိလစ်ပိုင်အလယ်ပိုင်းမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီး အရှိန်မထိန်းနိုင်ဖြစ်ကာ ချောက်ထဲထိုးကျခဲ့မှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (မတ်လ ၂၁ ရက်) ပြောပါတယ်။

play


မနီလာမြို့ကို ဦးတည်မောင်းနှင်လာတဲ့ အဆိုပါ ခရီးသည်တင်ဘတ်စ်ကားဟာ ယမန်နေ့ညပိုင်းက မင်ဒိုရိုကျွန်း တောင်ပတ်လမ်းမှာ လမ်းချော်သွားခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဖြစ်ကာ ချောက်ထဲထိုးကျသွားခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသမီး Imelda Tolentino က ပြောပါတယ်။

ဘတ်စ်ကားဟာ သစ်ပင်များထူထပ်တဲ့ လျှိုမြောင်တစ်ခုအောက်ခြေအထိ ထိုးကျနေခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားတွေက သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကားထဲမှ ဆွဲထုတ်ခဲ့ကြရပါတယ်။

play


"ဒရိုင်ဘာက ဘတ်စ်ကားကို ဘာကြောင့် အရှိန်မထိန်းနိုင် ဖြစ်ခဲ့ရလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်၊ အဓိက စစ်ဆေးနေတာက စက်ချို့ယွင်းမှုကြောင့်လား ဒရိုင်ဘာ အိပ်ငိုက်သွားလို့လား ဆိုတာကိုပေါ့" လို့ Tolentino က AFP သတင်းဌာနကို ပြောပါတယ်။

ရဲတပ်ဖွဲ့ ဓာတ်ပုံတွေအရ ဘတ်စ်ကားဟာ တောင်ပတ်လမ်းမှ အောက်ဘက် ပေ ၅၀ ခန့်ရှိတဲ့ လျှိုမြောင်အတွင်း သစ်ပင်တွေနဲ့ မြက်ပင်တွေကြားနေရာမှာ ထိုးကျနေခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ထိုနေရာသို့ တွယ်ဆင်းနေတာ တွေ့ရပါတယ်။

play


ဘတ်စ်ကားမတော်တဆမှုဟာ မနီလာမြို့တောင်ဘက် ၁၂၁ မိုင် ကွာဝေးတဲ့ Sablayan မြို့ငယ်အနီး ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖိလစ်ပိုင်မှာ ဘတ်စ်ကားများ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနဲ့ ဒရိုင်ဘာများ အရည်အချင်း မပြည့်မီမှုတို့ကြောင့် လမ်းမများပေါ် မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

၂၀၁၀ ခုနှစ်ကလည်း ဖိလစ်ပိုင်မြောက်ပိုင်းမှာ နက်ရှိုင်းတဲ့လျှိုမြောင်တစ်ခုထဲသို့ လူအပြည့်တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး ထိုးကျသွားခဲ့မှုကြောင့် နိုင်ငံခြားသားငါးဦး အပါအဝင် လူ ၄၁ ဦး သေဆုံးခဲ့ပါတယ်။

ယမန်နှစ် ဧပြီလအတွင်းမှာလည်း ဖိလစ်ပိုင်မြောက်ပိုင်းမှာပင် ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့ပါတယ်။ မတ်လ ၂၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှ ဘတ်စ်ကားလိုင်းကို ပြေးဆွဲခွင့် ရပ်ဆိုင်းထားဖွယ်ရှိကြောင်း အာဏာပိုင်တွေက ယနေ့ ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD