AD
AD
AD

မလေးရှားနိုင်ငံမှာ 1Malaysia Development Berhad (1MDB) ငွေကြေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူမြို့ Jalan Raja Chulan ရှိ ဇိမ်ခံကွန်ဒိုတိုက်ခန်းကနေ သိမ်းဆည်းခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။

play
ကွန်ဒိုတိုက်ခန်းမှ သိမ်းဆည်းခဲ့သည့် အိတ်များ


မေလ ၁၇ ရက်မှာ ကွန်ဒိုတိုက်ခန်းကနေ သိမ်းဆည်းခဲ့တဲ့ နာရီများ၊ လက်ဝတ်ရတနာများနဲ့ အခြား အဖိုးတန်ပစ္စည်းတွေကို ခွဲခြားခြင်း၊ သက်သေအဖြစ်မှတ်တမ်းတင်ခြင်းနဲ့ တန်းဖိုးသတ်မှတ်ခြင်းတို့ လုပ်ဆောင်နေဆဲဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ စီးပွားရေးပြစ်မှုဆိုင်ရာဌာန ညွန်ကြားရေးမှူး အေမာဆင်းဂ်က ပြောပါတယ်။

play
မလေးရှားရဲတပ်ဖွဲ့ စီးပွားရေးပြစ်မှုဆိုင်ရာ ဌာန ညွန်ကြားရေးမှူး အေမာဆင်းဂ်


အဆိုပါ အဖိုးတန်ပစ္စည်းတွေ အပါအဝင် ငွေတွေသိမ်းဆည်းခဲ့တဲ့ ကွန်ဒိုတိုက်ခန်းဟာ ဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်နဲ့ ဆက်နွယ်နေကြောင်းလည်း သိရပါတယ်။ ဇွန်လ ၁၂ ရက်မှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတစ်ခုက စုံစမ်းစစ်ဆေးမှု အပြီးသတ်ခဲ့ပြီလို့ ဖော်ပြခဲ့မှုအပေါ် အလောတကြီး ဖော်ပြမှုအဖြစ် အေမာဆင်းဂ်က ပြောခဲ့ပါတယ်။

play
မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်


"ကျွန်တော်တို့ သက်သေအဖြစ် မှတ်တမ်းတင်တာနဲ့ တန်ဖိုးသတ်မှတ်တဲ့ လုပ်ငန်းတွေ မပြီးသေပါဘူး" လို့ ၎င်းက ယနေ့ (ဇွန်လ ၁၄ ရက်) ပြောပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမှုပြီးဆုံးပါက တရားဝင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ နာရီနဲ့ လက်ဝတ်ရတနာတွေရဲ့ အမှန်တစ်ကယ် တန်ဖိုးကို ထုတ်ပြန်သွားမယ်လို့ အေမာဆင်းဂ်ကဆိုပါတယ်။

play
ကွန်ဒိုတိုက်ခန်းမှ သိမ်းဆည်းခဲ့သည့် ပစ္စည်းများ


မီဒီယာနဲ့ ပြည်သူတွေအနေနဲ့ စိတ်ရှည်သည်းခံကြရန်လည်း ၎င်းက ပန်ကြားခဲ့ပါတယ်။ အင်္ဂါနေ့ (ဇွန်လ ၁၂ ရက်) က မလေးရှားမှာ ထုတ်ဝေနေတဲ့ တရုတ်သတင်းစာတစ်စောင်ရဲ့ ဖော်ပြခဲ့မှုအရ ကွာလာလမ်ပူ ကွန်ဒိုတိုက်ခန်းကို စီးနင်းခဲ့မှုအတွင်း စုစုပေါင်း နာရီ ၄၃၃ လုံးကို အိတ် ၃၇ လုံးထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုသတင်းစာမှာ ရေးသားထားမှုအရ နာရီတွေရဲ့တန်ဖိုးကို ကျွမ်းကျင်းသူတွေ ခန့်မှန်းမှုအရ မလေးရှားရင်းဂစ် သန်း ၈၀ ရှိကြောင်းနဲ့ မလေးရှားရင်းဂစ် ၃.၅ သန်းတန် Rolex နာရီတစ်လုံးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

play
နဂျစ်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့စဉ်


1MDB အရှုပ်အထွေးနဲ့ ပတ်သက်ပြီး မေလ ၁၆ ရက်ညပိုင်းကနေ ၁၇ ရက်အထိ မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရဲ့ နေအိမ်အပါအဝင် ၎င်းနဲ့ဆက်စပ်နေတဲ့ နေရာငါးခုကို ဝင်ရောက်ရှာဖွေခဲ့ကြကြောင်းသိရပါတယ်။ 1MDB နဲ့ ဆက်စပ်ပြီး နဂျစ်နဲ့ဇနီးတို့ကို စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။

နဂျစ်တည်ထောင်ခဲ့တဲ့ မလေးရှားအစိုးရပိုင် 1Malaysia Development Berhad (1MDB) ကုမ္ပဏီရဲ့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ငွေကြေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်နိုင်ငံမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နဂျစ်ဟာ 1MDB ရန်ပုံငွေ ဒေါ်လာ သန်း ၇၀၀ ကို အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

play


နဂျစ်ဟာ မေလ ၉ ရက် မလေးရှားရွေးကောက်ပွဲမှာ တစ်ချိန်က ၎င်းရဲ့ဆရာဖြစ်ခဲ့ဖူးသူ မဟာသီယာမိုဟာမက်ကို ရှုံးနိမ့်ပြီး အာဏာလက်လွှတ်ခဲ့ရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာ မဟာသီယာက နဂျစ်အစိုးရလက်ထက်မှာ အရှုပ်အထွေးဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အစိုးရပိုင် 1MDB ရန်ပုံငွေတွေ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

ယခင်ကလည်း မလေးရှားဝန်ကြီးချုပ်အဖြစ် နှစ် ၂၀ ကျော်ကြာ တာဝန်ယူခဲ့ဖူးသူ မဟာသီယာက အသက်အကြီးဆုံး ရွေးကောက်ခံခေါင်းဆောင်အဖြစ်လည်း မှတ်တတမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD