AD
AD
AD

အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အစိုးရတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွများကြား ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ လူ ၂၀ သေဆုံးပြီး အခြား လူ ၇၀ ဒဏ်ရာရခဲ့ပါတယ်။

play


တနင်္ဂနွေနေ့ (ဧပြီ ၁ ရက်) မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများအတွင်း ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့စဉ် အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ယမန်နေ့ဖြစ်ရပ်ဟာ ကက်ရှ်မီးယားမှာ လတ်တလောနှစ်များအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများအနက် တစ်ရက်တည်းမှာ လူသေဆုံးမှုအများဆုံး ဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

play


ကက်ရှ်မီးယားနယ်မြေ ပိုင်ဆိုင်မှုကို အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ဆယ်စုနှစ်များနဲ့ချီပြီး အငြင်းပွားနေခဲ့ကြောင်းနဲ့ ထိုနယ်မြေအရေး စစ်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများအတွင်း အိန္ဒိယစစ်သား သုံးဦးထက်မနည်းနဲ့ စစ်သွေးကြွအဖြစ် သံသယရှိသူ ၁၃ ဦးလည်း သေဆုံးခဲ့ပါတယ်။

play


အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရှိ အရပ်သားအများအပြားက ခွဲထွက်ရေးသူပုန်တွေကို ထောက်ခံအားပေးကြပြီး လွတ်လပ်ရေးရယူခြင်း သို့မဟုတ် ပါကစ္စတန်က ထိန်းချုပ်ခြင်းကို လိုလားကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယအာဏာပိုင်တွေက လတ်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။

ကက်ရှ်မီးယားဒေသ (Kashmir)

ကက်ရှ်မီးယားဒေသဟာ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ၁၉၄၇ ခုနှစ်မှာ ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် နှစ်ခြမ်းကွဲခဲ့ပါတယ်။ နှစ်နိုင်ငံလုံးက ကက်ရှ်မီးယားကို အပြည့်အဝ ပိုင်ဆိုင်ကြောင်းဖြင့် အငြင်းပွားမှုတွေရှိခဲ့ပြီး ထိုဒေသအရေးနဲ့ ပတ်သက်ပြီး စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

play


၁၉၈၉ ခုနှစ်မှာ ကက်ရှ်မီးယားဒေသကို လွတ်လပ်ရေးပေးရန် သို့မဟုတ် ပါကစ္စတန်နဲ့ ပေါင်းစည်းရန် စစ်သွေးကြွတွေရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုစဉ်ကတည်းက ကက်ရှ်မီးယားဒေသမှာ ဖြစ်ပွားနေခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD