AD
AD
AD

ချက်ရီပတ်ဘလစ်နိုင်ငံမှာ ဓာတုစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် လူခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ချက်ရီပတ်ဘလစ်မြို့တော် Prague မြောက်ဘက် ၁၀ မိုင်အကွာ Kralupy nad Vltavou မြို့ရှိ Unipetrol ဓာတုစက်ရုံမှာ မတ်လ ၂၂ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play


ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။ Unipetrol ကုမ္ပဏီက ထုတ်ပြန်မှုအရ သိုလှောင်ကန်တစ်ခုမှာ မီးလောင်မှုဖြစ်ပြီး ပေါက်ကွဲခဲ့ကြောင်းနဲ့ စက်ရုံရဲ့အခြားနေရာတွေ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုဖြစ်တဲ့ ဓာတုစက်ရုံဟာ Kralupy မြို့နဲ့ အတန်ငယ်ဝေးကွာတာကြောင့် မြို့ခံတွေအတွက် အန္တရယ်မရှိနိုင်ကြောင်း Czech TV သတင်းက ပြောပါတယ်။

play


ပေါက်ကွဲဖြစ်တဲ့ ဓာတုစက်ရုံကို ပိုင်ဆိုင်တဲ့ Unipetrol ဟာ ချက်ရီပတ်ဘလစ်မှာ လောင်စာဆီဖြန့်ဖြူးမှုနဲ့ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုတွေ လုပ်ကိုင်နေတဲ့ အကြီးဆုံးကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ Unipetrol ဓာတုစက်ရုံမှာ ပလတ်စတစ်ဖော့ဖြူနဲ့ ရှူးဖိနပ်နဲ့ အားကစားပစ္စည်းများ ပြုလုပ်ရာမှာအသုံးပြုတဲ့ ရော်ဘာတု ထုတ်လုပ်ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD