AD
AD
AD

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုအတွင်း လူခြောက်ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

play


ဂျပန်အနောက်တောင်ပိုင်း Oita စီရင်စုရှိ Yabakei မြို့မှာ ယနေ့ (ဧပြီ ၁၁ ရက်) ဒေသစံတော်ချိန် မနက် ၃ နာရီ ၅၀ မိနစ်ဝန်းကျင်က တောင်စောင်းတစ်ခု မြေပြိုကျမှုဖြစ်ခဲ့ပြီး တောင်ခြေရှိ နေအိမ်သုံးလုံး မြေကြီးများအောက် နစ်မြုပ်သွားခဲ့ပါတယ်။

play


မြေပြိုကျမှုအတွင်း နစ်မြုပ်သွားခဲ့တဲ့ နေအိမ်သုံးလုံးမှာ လူခြောက်ဦး နေထိုင်ကြကြောင်းနဲ့ ၎င်းတို့အားလုံး အိပ်ပျော်နေစဉ်မှာ နေအိမ်များပေါ်သို့ မြေပြိုကျမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေပြိုကျမှု ဖြစ်ပွားခဲ့တဲ့နေရာမှာ​ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပြီး ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ထံ အကူအညီ တောင်းခံထားကြောင်းလည် သိရပါတယ်။

play


မြေပြိုကျမှုဖြစ်ခဲ့တဲ့ တောင်စောင်းဟာ အကျယ် ၃၂၈ ပေခန့်ရှိပြီး အမြင့် ၁၆၄ ပေမှ ၁၉၆ ပေအထိရှိနိုင်ကြောင်း ဒေသခံ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။ မြေပြိုကျမှုဖြစ်ခဲ့တဲ့ Yabakei တောင်ကြားဒေသဟာ သဘာဝရှုခင်းများဖြင့် လှပစွာတည်ရှိပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၈၀၀,၀၀၀ လာရောက်လေ့ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD