International News: Air Force One အသစ်မှာယူမှုကို ဖျက်သိမ်းရန် ထရန့် ပြောကြား

အမေရိကန်အစိုးရက သမ္မတစီးနင်းမယ့် Air Force One လေယာဉ်တွေ တည်ဆောက်ရန် Boeing နဲ့ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

play


အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က သမ္မတစီးနင်းတဲ့ Air Force One လေယာဉ်အသစ် မှာကြားမှုကို ဖျက်သိမ်းပြီး အစိုးရအသုံးစရိတ် လျှော့ချသွားလိုကြောင်း ပြောကြားပါတယ်။


သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုရန် သီတင်းခြောက်ပတ်အလိုမှာ ထရန့်က Boeing 747 Air Force One လေယာဉ်ကို နောင်ဖြစ်လာမယ့် အမေရိကန်သမ္မတအတွက် တည်ဆောက်နေကြောင်း၊ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၄ ဘီလီယံကျော်အထိဆိုတာ အလွန်များပြားကြောင်းနဲ့ မှာကြားမှု ဖျက်သိမ်းလိုက်ဖို့ ဒီဇင်ဘာ ၆ ရက်က တွစ်တာမှာ ရေးသားပြောဆိုခဲ့ပါတယ်။

Air Force One အသစ်မှာယူမှု ဖျက်သိမ်းလိုတဲ့ ထရန့်


အမေရိကန်အစိုးရက သမ္မတစီးနင်းမယ့် Air Force One လေယာဉ်အသစ် ၂ စီး သို့မဟုတ် ပိုများတဲ့ အရေအတွက်ကို တည်ဆောက်ရန် Boeing နဲ့ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်အသစ်တွေကို လာမယ့် ၂၀၂၄ ခုနှစ်ဝန်းကျင်မှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

play


ရွေးကောက်ခံသမ္မတ ထရန့်က Air Force One အမှာစာ ဖျက်သိမ်းရန်လိုလားကြောင်း တွစ်တာမှာ ပြောကြားခြဲ့ပီးနောက် Boeing လေယာဉ်ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းဟာ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်းလည်း သိရပါတယ်။ မွန်းလွဲပိုင်းဈေးကွက်မှာတော့ Boeing ရှယ်ယာဈေးနှုန်းများ ပုံမှန်ပြန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo: Reuters, BBC, Fox Business

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ