play

 

Air India လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ဟာ ရပ်နားခြင်းမရှိဘဲ ခရီးအဝေးဆုံး ပျံသန်းမှုအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။ Air India လေယာဉ်ဟာ နယူးဒေလီမှ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုသို့ မိုင်ပေါင်း ၉,၄၀၀ ကျော် ခရီးအကွာအဝေးကို ကြာမြင့်ချိန် ၁၄ နာရီ ၃၀ မိနစ်ဖြင့် ပျံသန်းခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ်မှူး ရတ်ဂ်ျနက်ရှ် ရှာမာက ပြောပါတယ်။

play

 

လေကြောင်းခရီးစဉ် AI173 ကို ပျံသန်းခဲ့တဲ့ Air India လေယာဉ်က အခြား လေယာဉ်တွေ အသုံးပြုနေကျ အတ္တလန်တစ်ကို ဖြတ်သန်းတဲ့ လမ်းကြောင်းမှ မဟုတ်ဘဲ ပစိဖိတ်ကိုဖြတ်သန်းတဲ့ လမ်းကြောင်းမှ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ပစိဖိတ်ကိုဖြတ်သန်းတဲ့ လမ်းကြောင်းမှ ပျံသန်းရာမှာ ခရီးအကွာအဝေးအားဖြင့် မိုင် ၈၇၀ ခန့် ပိုများသွားခဲ့ပေမဲ့ ပျံသန်းမှုကြာမြင့်ချိန်မှာ ၂ နာရီ လျော့နည်းသွားခဲ့တယ်လို့ ဆိုပါတယ်။

Air India လေယာဉ်ဟာ လေယာဉ်အနောက်ဘက်က တိုက်ခတ်နေတဲ့ လေအရှိန်ကြောင့် ၎င်းရဲ့အမြန်နှုန်းကို ပိုမိုမြင့်တက်သွားစေခဲ့ကြောင်း လေယာဉ်ပျံသန်းမှုတွေကို စောင့်ကြည့်လေ့လာတဲ့ Flightradar24 ဝက်ဘ်ဆိုက်က သုံးသပ်ထားပါတယ်။

Air India လေကြောင်းလိုင်းမှ လေယာဉ်မှူးရဲ့ အဆိုအရ ယခုလမ်းကြောင်းသစ်မှ ပျံသန်းမှုဟာ အတ္တလန်တစ်ကို ဖြတ်သန်းတဲ့ လမ်းကြောင်းနဲ့နှိုင်းယှဉ်ပါက လောင်စာဆီလည်း ၁၃ တန်လောက် သက်သာခဲ့ကြောင်း သိရပါတယ်။ Air India အနေနဲ့ နောက် ၆ လမှာ အဆိုပါ လမ်းကြောင်းသစ်ကို အသုံးပြုပြီး ပျံသန်းမယ်လို့ ဆိုပါတယ်။

ယခင်က ရပ်နားခြင်းမရှိဘဲ ခရီးအဝေးကွာဆုံး ပျံသန်းမှုအဖြစ် ကမ္ဘာ့စံချိန်တင်ထားမှုမှာ mirates လေကြောင်းလိုင်းမှဖြစ်ခဲ့ပြီး ဒူဘိုင်းနဲ့ အုတ်ကလန်ကြား ၈၈၂၃ မိုင် ခရီးကို ကြာမြင့်ချိန် ၁၆ နာရီ ၃၀ မိနစ် ဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video