International News: Amazon က ဒရုန်းဖြင့် ပထမဆုံးအကြိမ် ပစ္စည်းပို့ဆောင်မှု အောင်မြင်ပြီးမြောက်

ကမ်းဘရစ်ခ်ျရှိုင်းယားမှာ နေထိုင်တဲ့ ဝယ်ယူသူထံ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်ပေးမှု အောင်မြင်ပြီးမြောက်ခဲ့ပြီးနောက် နောက်ထပ် နေရာများတိုးချဲ့ ပို့ဆောင်သွားမယ်လို့ Amazon က ပြောပါတယ်။

play


Amazon ကုမ္ပဏီက ပစ္စည်းဝယ်ယူသူထံ ဒရုန်းဖြင့် ပထမဆုံးအကြိမ် ပို့ဆောင်ပေးမှု အောင်မြင်ပြီးမြောက်ခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ အွန်လိုင်းရှော့ပင်းကုမ္ပဏီကြီးက ဒရုန်းများအသုံးပြုပြီး ကုန်ပစ္စည်းပို့ဆောင်မှု ပိုမိုရေပန်းစားလာရန်လည်း မျှော်လင့်ထားပါတယ်။


အင်္ဂလန်နိုင်ငံ ကမ်းဘရစ်ခ်ျရှိုင်းယားမှ အမည်မဖော်ပြထားတဲ့ ဝယ်ယူသူထံ ဒီဇင်ဘာ ၇ ရက်က ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်ပေးခဲ့ကြောင်း Amazon တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Amazon ရဲ့ ဝယ်ယူသူထံ ဒရုန်းဖြင့် ပထမဆုံးပို့ဆောင်မှုအဖြစ် စာအုပ်များကို ဝက်ဘ်ဆိုက်မှတစ်ဆင့် မှာကြားအပြီး ၁၃ မိနစ် အကြာမှာ အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။

play


Amazon က ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်မှုတွေကို အမေရိကန်နဲ့ အခြားနေရာတွေမှာ စမ်းသပ်ခဲ့ပါတယ်။ အမေရိကန်မှာ ဒရုန်းဖြင့် ပို့ဆောင်ရာမှာ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ စစ်ဆေးဆောင်ရွက်မှုတွေကြောင့် လုပ်ငန်းစဉ်နှေးကွေးနိုင်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံ ကမ်းဘရစ်ခ်ျရှိုင်းယားမှာ နေထိုင်တဲ့ ဝယ်ယူသူထံ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်ပေးမှု အောင်မြင်ပြီးမြောက်ခဲ့ပြီးနောက် နောက်ထပ် နေရာများတိုးချဲ့ ပို့ဆောင်သွားမယ်လို့ Amazon က ပြောပါတယ်။

ကုန်ပစ္စည်းများကို ဒရုန်းဖြင့် ပို့ဆောင်မှုကို Amazon ကုမ္ပဏီတစ်ခုတည်းသာ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ Alphabet ကုမ္ပဏီကလည်း Wing အမည်ရှိ အလားတူ ဝန်ဆောင်မှုကို လုပ်ဆောင်နေပြီး Wal-Mart ကလည်း ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်နိုင်ရန် လေ့လာနေကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ