International News: Android စမတ်ဖုန်း malware ကြောင့် Google အကောင့် တစ်သန်းကျော် ပေါက်ကြား

Google အကောင့် တစ်သန်းကျော်ရဲ့ အချက်အလက်များ ပေါက်ကြားမှုဟာ အလွန် သတိထားစရာဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်လာနိုင်တဲ့ ကနဦးအဆင့်ဖြစ်ကြောင်း သိရပါတယ်။

play


Android စမတ်ဖုန်းများကို ပစ်မှတ်ထားတဲ့ malware တိုက်ခိုက်မှုကြောင့် Google အသုံးပြုသူ တစ်သန်းကျော်ရဲ့ အချက်အလက်များ ပေါက်ကြားမှုဖြစ်ခဲ့ကြောင်း လုံခြုံရေးကျွမ်းကျင်သူတွေက နိုဝင်ဘာ ၃၀ ရက်မှာ ပြောကြားပါတယ်။ Check Point Software Technologies ရဲ့ တွေ့ရှိမှုအရ malware ဟာ Android 4.0 နဲ့ 5.0 အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ပစ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။

play


လက်ရှိမှာ အဆိုပါ ဗားရှင်းနှစ်မျိုးကို Android စမတ်ဖုန်း ၇၄ ရာခိုင်နှုန်းမှာ အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ Gooligan လို့ အမည်ပေးထားတဲ့ malware တိုက်ခိုက်မှုဖြင့် Gmail, Google Photos, Google Docs နဲ့ Google ရဲ့ အခြား ဝန်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးအချက်အလက်တွေကို ခိုးယူနိုင်ကြောင်း သိရပါတယ်။

play


Google အကောင့် တစ်သန်းကျော်ရဲ့ အချက်အလက်များ ပေါက်ကြားမှုဟာ အလွန် သတိထားစရာဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်လာနိုင်တဲ့ ကနဦးအဆင့်ဖြစ်ကြောင်း Check Point Software Technologies မှ မိုဘိုင်းထုတ်ကုန် အကြီးအကဲ မိုက်ကယ် ရှူးလော့ဗ်က ပြောပါတယ်။

ဟက်ကာတွေရဲ့ မဟာဗျူဟာပြောင်းလဲလာမှုကို မြင်တွေ့နေရကြောင်းနဲ့ ၎င်းတို့ဟာ အရေးကြီး အချက်အလက်တွေ သိမ်းဆည်းထားတဲ့ မိုဘိုင်းအသုံးအဆောင်တွေကို ပစ်မှတ်ထားလာကြောင်း မိုက်ကယ် ရှူးလော့ဗ်က သတိပေးထားပါတယ်။
Source & Photo: AFP, PC World

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ