International News: Apple က အသစ်မွမ်းမံပြောင်းလဲမှုတွေနဲ့ MacBook Pro ကို မိတ်ဆက်

Apple က MacBook Pro ကို နှစ်အတန်ကြာအတွင်း ပထမဆုံးအကြိမ် ဒီဇိုင်းပိုင်းနဲ့ မွမ်းမံပြောင်းလဲမှု ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

 

play


Apple ကုမ္ပဏီက အသစ်မွမ်းမံ ပြောင်းလဲမှုတွေ ပြုလုပ်ထားတဲ့ MacBook Pro ကို အောက်တိုဘာ ၂၇ ရက်က မိတ်ဆက်လိုက်ပါတယ်။ အသစ်မွမ်းမံထားတဲ့ MacBook Pro မှာ လက်ဗွေရာဖတ်စနစ် ပါဝင်လာပြီး ယခင် function key များအစား သေးငယ်တဲ့ touch screen button လေးတွေကို အသုံးပြုထားပါတယ်။ 

play


Apple က အသစ်မိတ်ဆက်လိုက်တဲ့ MacBook Pro ရဲ့ ဈေးနှုန်းမှာ ယခင် MacBook Pro ထက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀၀ ဈေးပိုသွားမယ်လို့ ဆိုပါတယ်။

play


Apple က MacBook Pro ကို နှစ်အတန်ကြာအတွင်း ပထမဆုံးအကြိမ် ဒီဇိုင်းပိုင်းနဲ့ မွမ်းမံပြောင်းလဲမှု ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

play


မွမ်းမံပြောင်းလဲမှုအရ ပါးလွှာသေးငယ်ပြီး ပိုမိုမြန်ဆန်တဲ့ MacBook Pro ကို ခံစားသုံးစွဲနိုင်မယ်လို့ Creative Strategies မှ လေ့လာသုံးသပ်သူ ဘန်ဘက်ဂျာရင်က ပြောပါတယ်။

play


Touch ID, Touch Bar တွေ ပါဝင်တဲ့ ၁၃ လက်မအရွယ် MacBook Pro အတွက် အမေရိကန်ဒေါ်လာ ၁,၇၉၉ ကျသင့်မှာဖြစ်ပြီး ယခင် အဆိုပါအရွယ်အစားရဲ့ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁,၂၉၉ ဖြစ်ပါတယ်။ Touch ID နဲ့ Touch Bar မပါဝင်တဲ့ MacBook Pro မှာ အမေရိကန်ဒေါ်လာ ၁,၄၉၉ ဖြစ်ကြောင်း သိရပါတယ်။

play


အသစ်မွမ်းမံပြောင်းလဲထားတဲ့ ၁၅ လက်မရွယ် MacBook Pro ကတော့ အမေရိကန်ဒေါ်လာ ၂,၃၉၉ ကျသင့်ပြီး ယခင်က အလားတူ အရွယ်အစားရဲ့ ဈေးနှုန်းမှာ ၁,၉၉၉ ဒေါ်လာဖြစ်ပါတယ်။

play


Apple က အောက်တိုဘာ ၂၇ ရက် ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ Apple TV, iPhone နဲ့ iPad တို့မှာ အသုံးပြုနိုင်တဲ့ TV App အသစ်ကိုလည်း မိတ်ဆက်ခဲ့ကြောင်း သိရပါတယ်။


Source & Photo: The Verge

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ