AD
AD
AD

မလေးရှားနိုင်ငံမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များအတွက် လူသစ်ရှာဖွေ စုဆောင်းခဲ့မှုဖြင့် မလေးရှားလူမျိုးနဲ့ နိုင်ငံခြားသား ၂၄၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၁၃ ရက်မှာ ဒုတိယပြည်ထဲရေးဝန်ကြီး မာဆာကူဂျတ်က ပြောကြားခဲ့မှုအရ ဖမ်းဆီးခဲ့သူတွေအနက် ၂၄၀ ဟာ Facebook မှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်တွေအတွက် လူသစ်စုဆောင်းခဲ့ပြီး အခြား ၈ ဦးက Twitter နဲ့ တစ်ဦးက Instagram ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။

play


"ရဲတပ်ဖွဲ့ရဲ့ ရဲတပ်ဖွဲ့က ထောက်လှမ်းမှုနဲ့ မက်ဆေ့ခ်ျတန်ပြန်ထောက်လှမ်းရေးဌာနက စောင့်ကြည့်မှုတွေအရ အခု ဖမ်းဆီးမှုတွေကို ပြုလုပ်ခဲပါတယ်" လို့ ဒုတိယပြည်ထဲရေးဝန်ကြီးက လွှတ်တော်မှာ ပြောခဲ့ပါတယ်။ မလေးရှားရဲတပ်ဖွဲ့က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ အွန်လိုင်းလွှမ်းမိုးမှုကို ထိန်းချုပ်ဟန့်တားရန် ၂၀၁၆ ခုနှစ်မှာ မက်ဆေ့ခ်ျတန်ပြန်ထောက်လှမ်းရေးဌာနကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးရဲ့အဆိုအရ မလေးရှားအစိုးရက Facebook အကောင့် ၃,၈၇၁ ခုကိုလည်း စောင့်ကြည့်ခဲ့ကြောင်းနဲ့ အကောင့် ၈၀၀ ကို အင်တာနက်မှာ အစွန်းရောက်ဝါဒ အတွေးအမြင်များ ဖြန့်ဖြူးနေမှု ဟန့်တားနိုင်ရန် ပိတ်ပင်ခဲ့ကြောင်းလည်း သိရပါတယ်။

play


"Twitter မှာလည်း လူပုဂ္ဂိုလ်အကောင့် ၇၆ ခုကို စောင့်ကြည့်ခဲ့ပြီး အကောင့် ၉ ခုကို ပိတ်ပင်ခဲ့ပါတယ်" လို့ ဒုဝန်ကြီးက ဖြည့်စွက်ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် လူပုဂ္ဂိုလ် ၇၂ ဦးကိုလည်း ၎င်းတို့ရဲ့ Instagram အသုံးပြုမှုတွေအတွက် စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ် ရှာဘူဒင် ယာဟာယာက ဆိုရှယ်မီဒီယာမှာ အကြမ်းဖက်ဝါဒ ဖြန့်ဖြူးနေမှုနဲ့ပတ်သက်ပြီး အစိုးရရဲ့ အရေးယူဆောင်ရွက်မှုအပေါ် မေးခွန်းမေးမြန်းခဲ့တာကို ဒုတိယ ပြည်ထဲရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ နိုင်ငံခြားသားတစ်ဦး အပါအဝင် လူ ၁၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၂၀၁၅ ခုနှစ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးဥပဒေအရ အရေးယူထားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD