AD
AD
AD

အင်ဒိုနီးရှားနိုင်ငံမှာ တရားမဝင် တူးဖော်နေတဲ့ ရေနံတွင်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့မှုအတွင်း လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၄၀ ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေ ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံတွေအရ ရေနံတွင်းမှ မီးတောက်ဟာ နေအိမ်နဲ့ သစ်ပင်များအပေါ်အထိ ရောက်ရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

play


"ရေနံတွင်းမီးလောင်မှုက မငြိမ်းသေးတာကြောင့် သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို သတင်းအချက်အလက် စုဆောင်းနေဆဲ ဖြစ်ပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆူမာတြားကျွန်း အာချေးပြည်နယ် လူနေဒေသအတွင်းမှာရှိတဲ့ ရေနံတွင်းမှာ ယနေ့ (ဧပြီ ၂၅ ရက်) မနက် ၁ နာရီခွဲအချိန်ခန့်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


အနက်ပေ ၈၂၀ ရှိတဲ့ ရေနံတွင်းမှ ရေနံများလျှံထွက်လာခဲ့ရာ ဒေသခံတွေက လာရောက်စုဆောင်း ယူဆောင်ကြစဉ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကို ဘန်ဒါအာချေးရှီ ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။

အင်ဒိုနီးရှားအစိုးရပိုင် ရေနံတူးဖော်ရေးကုမ္ပဏီ Pertamina က မီးငြှိမ်းသတ်ရန် ပစ္စည်းကိရိယာများ ကူညီထောက်ပံ့ပေးထားကြောင်း သိရပါတယ်။ ရေနံတွင်းမီးလောင်မှုကို မီးသတ်ကား ၈ စီးထက်မနည်းဖြင့် ငြှိမ်းသတ်နေတယ်လို့ ဆိုပါတယ်။

play


ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲရဲ့ ပြောကြားမှုအရ ရေနံတွင်းဟာ တရားမဝင် တူးဖော်နေတာဖြစ်ပြီး လျှံထွက်လာတဲ့ ရေနံတွေကိုစုဆောင်းယူနေကြစဉ် တစ်စုံတစ်ဦးက စီးကရက်သောက်ခဲ့ရာမှ မီးလောင်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

အရှေ့ပိုင်းအာချေးဒေသမှာ အသေးစား ရေနံတူးဖော်ရေးလုပ်ငန်း အများအပြားရှိနေပြီး အချို့လုပ်ငန်းတွေကို ကျေးရွာခံတွေက တရားမဝင် လုပ်ဆောင်နေကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

play


အင်ဒိုနီးရှားမှာ တရားမဝင် ရေနံတူးဖော်မှုတွေရှိနေပေမဲ့လည်း ယခုကဲ့သို့ လူသေဆုံးတဲ့ ရေနံတွင်းမီးလောင်မှုများ ဖြစ်ပွားလေ့မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ အင်ဒိုနီးရှားမှာ လူသေဆုံးမှုများတဲ့ မီးလောင်မှုအဖြစ် ယမန်နှစ် အောက်တိုဘာလအတွင်း ဂျကာတာမြို့အပြင်ဘက်ရှိ မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုဖြစ်ပြီး လူ ၄၇ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD