AD
AD
AD

အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့ (မေလ ၁၃ ရက်) ညနေပိုင်းမှစပြီး ပြည်နယ်လေးခုမှာ ပြင်းထန်တဲ့ သဲမုန်တိုင်းများ တိုက်ခတ်ခဲ့မှုကြောင့် လူ ၆၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ ရာသီဥတုဆိုးရွားမှု ဆက်လက် ဖြစ်ပေါ်နိုင်သေးကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

play


ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေကြောင့် ကျေးရွာအများအပြား ပျက်စီးခဲ့ပြီး နေအိမ်ပြိုကျမှုတွေဖြစ်ကာ ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ သဲမုန်တိုင်းတိုက်ခတ်မှု အပြင်းထန်ဆုံး ဖြစ်ပေါ်ခဲ့ပြီး လူ ၃၈ ဦး သေဆုံးခဲ့ပြီး အခြား လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မေလအစောပိုင်းကလည်း အဆိုပါပြည်နယ်မှာပင် သဲမုန်တိုင်းများတိုက်ခတ်မှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ သဲမုန်တိုင်းတွေကြောင့် သေဆုံးသူအရေအတွက် တိုးမြှင့်လာနိုင်သေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာလည်း သဲမုန်တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် အနောက်ဘင်ဂေါပြည်နယ်မှာ လူကိုးဦးနဲ့ ဒေလီမျာလည်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ နေရာဒေသလေးခုလုံးမှာ နောက်ထပ် သဲမုန်တိုင်းနဲ့ မိုးကြိုးမုန်တိုင်းများ လာမယ့် ရက်အနည်းငယ်အတွင်း ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ "မုန်တိုင်းအန္တရာယ်က မပြီးသေဘူး" လို့ အူတာပရာဒက်ရှ်ပြည်နယ် ကယ်ဆယ်ရေးဌာနမှ အကြီးအကဲ ဆန်ဂျေးကူးမားက ပြောခဲ့ပါတယ်။

play


သဲမုန်တိုင်း လေပြင်းများတိုက်ခတ်မှုနဲ့ မိုးကြိုးပစ်မှုတွေကြောင့် နေအိမ်များပြိုကျခဲ့ရာမှ လူသေဆုံးမှုတွေ ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုပါတယ်။ အိန္ဒိယမိုးလေဝသဌာနက တနင်္ဂနွေနေ့မှာ မုန်တိုင်းများ မတိုက်ခတ်မီ ဒေသခံတွေကို နေအိမ်အတွင်းမှာ နေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

play


မုန်တိုင်းတိုက်ခတ်စဉ် မိုးချုန်းမှု၊ မိုးကြိုးပစ်မှုတွေနဲ့အတူ တစ်နာရီလျှင် ၆၇ မိုင်နှုန်းဖြင့် လေပြင်းများ တိုက်ခတ်ခဲ့ပါတယ်။ သဲမုန်တိုင်းများတိုက်ခတ်မှုတွေဟာ ဒေလီမြို့မှာလည်း သက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ် ၇၀ ဝန်းကျင် ရွှေ့ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

play


အိန္ဒိယ နေရာဒေသအများအပြားမှာ မကြာသေးမီကလည်း ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ ကြုံခဲ့ရပါတယ်။ မေလ ၄ ရက်က အိန္ဒိယမြောက်ပိုင်းမှာ သဲမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဆိုပါ မုန်တိုင်းတိုက်မှုတွေဟာ ကြုံခဲ့ဖူးသမျှ အဆိုးရွားဆုံး ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD