AD
AD
AD

ဆီးရီးယားနိုင်ငံမှာ အရှေ့ပိုင်း Ghouta ဒေသရှိ သူပုန်များထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန် Douma မြို့မှာ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း သံသသရှိရတဲ့ တိုက်ခိုက်မှုကြောင့် လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။

play


ဆီးရီးယားပြည်တွင်းစစ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ White Helmets က Twitter မှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံများအရ အဆောက်အအုံ မြေအောက်ထပ်တွေမှာ အလောင်းတွေကို တွေ့ရပါတယ်။ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းလည်း White Helmets က ပြောထားပါတယ်။

play


ဓာတုလက်နက်ဖြင့် တိုက်ခိုက်တဲ့သတင်းတွေကို သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်မှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။ ဆီးရီးယားအစိုးရကတော့ ဓာတုလက်နက်ဖြင့်တိုက်ခိုက်ကြောင်း စွပ်စွဲမှုတွေဟာ မမှန်မကန် လုပ်ကြံဖန်တီးမှုများသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

play


အမေရိကန်အစိုးရက ယခုသတင်းတွေအရ Douma မြို့မှာ ဘေကင်းရာမှာ ခိုလှုံနေထိုင်ကြတဲ့ မိသားစုများ အပါအဝင် လူအများအပြား သေဆုံးနိုင်ကြောင်း ယူဆရတယ်လို့ ဆိုပါတယ်။ ယခုကဲ့သို့ တိုက်ခိုက်မှုတွေအတွက် ဆီးရီးယားအစိုးရကို ကူညီပေးနေတဲ့ ရုရှားနိုင်ငံမှာ တာဝန်ရှိကြောင်းလည်း အမေရိကန်က ပြောပါတယ်။

ဆီးရီးယားအစိုးရက ၎င်းရဲ့ပြည်သူတွေကို ဓာတုလက်နက်သုံးပြီး တိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့မှုဟာ အငြင်းပွားစရာမလိုကြောင်းလည်း အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD