International News: AT&T က Time Warner ကို ဒေါ်လာ ၈၆ ဘီလီယံဖြင့် ဝယ်ယူမည်

အရောင်းအဝယ်ဆိုင်ရာ နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်။

play


အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီကြီး AT&T က ဖျော်ဖြေရေးကုမ္ပဏီ Time Warner ကို အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံနီးပါးဖြင့် ဝယ်ယူသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အောက်တိုဘာ ၂၂ ရက်က အရောင်းအဝယ်ဆိုင်ရာ နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

play


ယခု အရောင်းအဝယ် တန်းဖိုးပမာဏဟာ ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး ဖြစ်ကြောင်းလည်း ကုမ္ပဏီနှစ်ခုရဲ့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။ AT&T က Time Warner က ထုတ်လုပ်တင်ဆက်နေတဲ့ အကြောင်းအရာတွေကို ၎င်းရဲ့ မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်မှတစ်ဆင့် လွှင့်တင်သွားပြီး အွန်လိုင်းအသုံးပြုသူတွေကို ဆွဲဆောင်ရန် ရည်ရွယ်ထားပါတယ်။

play


AT&T က Time Warner ရဲ့ ရှယ်ယာတစ်ခုကို ဒေါ်လာ ၁၀၇.၅၀ ဖြင့် သတ်မှတ်ပေးချေခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ကိစ္စကို လာမယ့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးသတ် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း AT&T က ပြောကြားထားပါတယ်။

play
Time Warner အတွက် ဝင်ငွေစုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းကို Game of Thrones ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမှုမှ ရရှိခဲ့ပါတယ်။


AT&T ဟာ လက်ရှိမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၃၈ ဘီလီယံ ရှိနေပြီး မီဒီယာကဏ္ဍကို တိုးချဲ့နိုင်ရန် လုပ်ဆောင်နေပါတယ်။ AT&T က ဂြိုဟ်တုရုပ်မြင်သံကြား ကုမ္ပဏီ DirecTV ကိုလည်း ယမန်နှစ်က ဒေါ်လာ ၄၈.၅ ဘီလီယံဖြင့် ဝယ်ယူထားခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ