AD
AD
AD

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ လူသေဆုံးမှုရှိခဲ့တဲ့ ပါဆယ်ဗုံးများ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်တွေက ဗုံးရှာဖွေရေး လုပ်ဆောင်နေပြီး သတင်းအချက်အလက်ပေးသူကို ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သိန်း ပေးအပ်သွားမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

play
ပါဆယ်ဗုံးပေါက်ကွဲခဲ့သည့် နေရာတစ်ခုကို စစ်ဆေးနေစဉ်


အော်စတင်မြို့မှာ ပါဆယ်ဗုံးရှာဖွေရေး သတင်းပေးသူကို ပေးအပ်မယ့်ဆုကြေးငွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးက အစောပိုင်းမှာ ဒေါ်လာ ၁၅,၀၀၀ ပေးမယ်လို့ ထုတ်ပြန်ထားခဲ့ရာက တနင်္ဂနွေနေ့ (မတ်လ ၁၈ ရက်) မှာ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

အော်စတင်မြို့မှာ ယခုလအတွင်း အိမ်တံခါးဝတွေမှာ ချထားခဲ့တဲ့ ပါဆယ်ဗုံးပေါက်ကွဲမှုသုံးခုကြောင့် လူနှစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ မတ်လ ၁၈ ရက် နှောင်းပိုင်းမျာလည်း အော်စတင်မြို့ အနောက်တောင်ပိုင်းမှာ နောက်ထပ် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play
ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူနှစ်ဦး


ယမန်နေ့နှောင်ပိုင်းမှာ ပါဆယ်ဗုံးပေါက်ကွဲခဲ့မှုအတွင်း အမျိုးသားနှစ်ဦ ဒဏ်ရာရခဲ့ကြောင်းနဲ့ ထိုဖြစ်ရပ်ဟာ ယခင် ပါဆယ်ဗုံးဖြင့် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေခြင်းရှိ မရှိ အတိအကျ မသိနိုင်သေးကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့က ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့က မြိုခံတွေကို လုံခြုံစိတ်ချရမှုရှိပြီလို့ မကြေညာမီမှာ နေအိမ်အတွင်းမှာသာနေကြရန် ပြောခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပါဆယ်ဗုံးပေါက်မှုကြောင့် သေဆုံးခဲ့သူ အမျိုးသားနှစ်ဦးလုံးဟာ အာဖရိကန် အမေရိကန်များ ဖြစ်ပါတယ်။

play
အော်စတင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် သံသယဖြစ်ဖွယ် ပါဆယ်ထုပ်နမူနာပုံစံ


ရဲတပ်ဖွဲ့ကတော့ ပါဆယ်ဗုံးဖြင့် တိုက်ခိုက်မှုဟာ လူမျိုးရေးကြောင့် မဖြစ်နိုင်ကြောင်း ပြောထားပါတယ်။ အော်စတင်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဘရိုင်ယန်မန်လေးက ပါဆယ်ဗုံးဖြင့် တိုက်ခိုက်မှုတွေဟာ သတင်းစကားပေးတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

"ပါဆယ်ဗုံးဖြင့် တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်တစ်ခုဖြင့် လုပ်ဆောင်နေသလားဆိုတာ အတည်မပြုနိုင်သေးပါဘူး၊ ဒါပေမဲ့ ဒီလို ဗုံးခွဲတိုက်ခိုက်နေသူတွေကို အာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ကြဖို့ မေတ္တာရပ်ခံပါတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောထားပါတယ်။

ရဲတပ်ဖွဲ့အကြီးအကဲ ဘရိုင်ယန်မန်လေးက ပါဆယ်ဗုံးနဲ့ ပတ်သက်ပြီး သတင်းပေးသူကို ဆုကြေငွေ ဒေါ်လာတစ်သိန်း တိုးမြှင့်ပေးအပ်မယ်လို့ ကြေညာခဲ့ပြီး ပြည်သူလူထုကိုလည်း ပုံမှန်မဟုတ်တဲ့ ပါဆယ်ထုပ်များကို တွေ့ရှိရပါက ကိုင်တွယ်ခြင်းမပြုရန် သတိပေးခဲ့ပါတယ်။

play
အော်စတင်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဘရိုင်ယန်မန်လေး


"ဒီ ပါဆယ်ဗုံးတွေက ကိုင်တွယ်ထိတွေ့မှုမရှိရင် ပေါက်ကွဲခြင်းမရှိပါဘူး" လို့ ၎င်းက ပြောပါတယ်။ အော်စတင်မြို့မှာ ပါဆယ်ဗုံးရှာဖွေရေးကို အထူးထောက်လှမ်းရေးတွေက မြို့ခံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကူညီပေးနေပြီး လက်ရှိအချိန်ထိတော့ မင်္သကာသူကို ဖမ်းဆီးမှုမရှိသေးကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ (မတ်လ ၁၂ ရက်) မှစပြီး မင်္သကာဖွယ်ရာ ပါဆယ်ထုပ်နဲ့ ပစ္စည်းပစ္စယတွေ့ရှိကြောင်း သတင်းပေးမှု ၇၃၅ ခု ရှိခဲ့ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။ အော်စတင်မြို့မှာ ပထမဆုံး ပါဆယ်ဗုံးပေါက်ကွဲမှုဟာ မတ်လ ၂ ရက်မှာ ဖြစ်ပွားခဲ့ပြီး အသက် ၂၉ နှစ်အရွယ် အန်သိုနီ စတီဖင်ဟောက်စ် အမည်ရှိ အမျိုးသားဟာ ၎င်းရဲ့နေအိမ်မှာ သေဆုံးခဲ့ပါတယ်။

play
ဆယ်ကျေက်သက်တစ်ဦး သေဆုံးခဲ့သည့် ပါဆယ်ဗုံးပေါက်ခဲ့ရာ နေအိမ်မှာ စစ်ဆေးနေစဉ်


ထို့နောက် အဆိုပါ ပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့ ပါဆယ်ဗုံးပေါက်ကွဲမှုနှစ်ခု ၁၀ ရက်အကြာမှာ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အသက် ၁၇ နှစ်အရွယ် ဒရေလင်ဝီလီယံမက်ဆွန်ဟာ ၎င်းရဲ့နေအိမ်အတွင်း ပါဆယ်ထုပ်ယူဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ၎င်းရဲ့မိခင်လည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။

ထို့နောက် နာရီပိုင်းအကြာမှာ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ပါဆယ်ဗုံးတွေကို ပါဆယ်ပို့ဆောင်တဲ့ တရားဝင် ဝန်ဆောင်မှုဖြင့် ပို့ဆောင်ခြင်းမဟုတ်ဘဲ ညပိုင်းအချိန် နေအိမ်တံခါးဝမှာ လာရောက်ချထားခဲ့ကြောင်း သိရပါတယ်။

အော်စတင်မြို့မှာ လုံခြုံရေးဆိုင်ရာ သတိပေးမှုကို တိုးမြှင့်ထုတ်ပြန်ထားပြီး ဟစ်ဟော့ပ်အဖွဲ့ Roots ရဲ့ ဖျော်ဖြေပွဲအစီအစဉ်ကိုလည်း စနေနေ့ (မတ်လ ၁၇ ရက်) မှာ ဖျက်သိမ်းလိုက်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD