AD
AD
AD

သြစတြေးလျနိုင်ငံကနေ ဗြိတိန်နိုင်ငံကို ပထမဆုံးအကြိမ် မရပ်နားဘဲ တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းခရီးစဉ်အဖြစ် Qantas လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ဟာ လန်ဒန်ဟီးသရိုးလေဆိပ်ကို ယနေ့ (မတ်လ ၂၅ ရက်) မနက်အစောပိုင်းမှာ ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။

play
လန်ဒန်ဟီးသရိုးလေဆိပ်မှာ လေယာဉ်ဆိုက်ရောက်မှုကို ကြိုဆိုစဉ်


Qantas Flight QF9 လေကြောင်းခရီးစဉ် ပျံသန်းခဲ့တဲ့ လေယာဉ်ဟာ သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ မတ်လ ၂၄ ရက် ဒေသစံတ်ာချိန် ညနေ ၇ နာရီဝန်းကျင်မှာ ထွ ထွက်ခွာလာခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဒေသစံတော်ချိန် မနက် ၅ နာရီ ၃ မိနစ်အချိန်မှာ ဆိုက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ဟာ ခရီးသည် ၂၃၀ နဲ့ လေယာဉ်အမှုထမ်းတွေ လိုက်ပါလာတဲ့ Boeing 787-9 Dreamliner လေယာဉ်ဟာ ပါ့သ်မြို့နဲ့ လန်ဒန်မြို့ကြား မိုင်ပေါင်း ၉,၀၀၉ မိုင် လေကြောင်းခရီးရှည်ကို ပျံသန်းချိန် ၁၇ နာရီ ၂၀ မိနစ် ကြာမြင့်ခဲ့ပြီး လေကြောင်းပျံသန်းမှု စံချိန်သစ်တင်မယ်လို့လည်း သိရပါတယ်။

play
Boeing 787-9 Dreamliner လေယာဉ်


၁၉၄၇ ခုနှစ်မှာ သြစတြေးလျမှ ဗြိတိန်သို့ လေကြောင်းခရီးစဉ်ပျံသန်းခဲ့ရာမှာတော့ လေးရက်ကြာမြင့်ပြီး စုစုပေါင်း လေဆိပ်ခုနစ်ခုမှာ ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။ ယခု ပျံသန်းခဲ့တဲ့ သြစတြေးလျ-ဗြိတန် လေယာဉ်ခရီးစဉ် လမ်းကြောင်းကို 'သားပိုက်ကောင်လမ်းကြောင်း (Kangroo Route)' လို့ ခေါ်ဝေါ်ကြပါတယ်။

သြစတြေးလျ-ဗြိတိန် မရပ်နားတမ်း ပျံသန်းတဲ့ခရီးစဉ်အတွက် Qantas လေကြောင်းလိုင်းက အသုံးပြုခဲ့တဲ့ Boeing 787-9 Dreamliner လေယာဉ်ဟာ Boeing 747 တွေထက် နှစ်ဆခန့်အထိ ဆီစားပိုသက်သာကြောင်း သိရပါတယ်။

play
Flight QF9 လေယာဉ်မှူးများ


အဆိုပါ လေယာဉ်ဟာ ယနေ့မွန်းလွဲပိုင်းမှာ လန်ဒန်မြို့ကနေ ပြန်လည်ထွက်ခွာပြီး နောက်တစ်ရက်မှာ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ကို ဆိုက်ရောက်မှာဖြစ်ပါတယ်။ ယခု ခရီးစဉ်ဟာ Qantas လေကြောင်းလိုင်းရဲ့ ပထမဆုံး သြစတြေးလျမှ ဥရောပကို တိုက်ရိုက်ပျံသန်းမှု မဟုတ်ကြောင်းလည်း သိရပါတယ်။

၂၀၁၅ ခုနှစ်က Qantas လေယာဉ်တစ်စီးဖြင့် ပါ့သ်မြို့မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကို တိုက်ရိုက် တစ်ကြိမ်ပျံသန်းခဲ့ဖူးပါတယ်။ ထိုစဉ်က တူရကီနိုင်ငံ ဂဲလ်လီပိုလီ (Gallipoli) ကျွန်းဆွယ်မှာ ပြုလုပ်ခဲ့တဲ့ ပထမကမ္ဘာစစ် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ကြတဲ့ သြစတြေးလျနိုင်ငံသားတွေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

play
Flight QF9 မှာ လိုက်ပါခဲ့သည့် Qantas လေကြောင်းလိုင်းအကြီးအကဲ


ဂဲလ်လီပိုလီကျွန်းဆွယ်မှာ ပထမကမ္ဘာစစ်အတွင်း  သြစတြေးလျတပ်ဖွဲ့နဲ့ နယူးဇီလန်တပ်ဖွဲ့တို့ အဆိုပါကျွန်းဆွယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ Qantas က ၁၉၈၉ ခုနှစ်မှာလည်း လန်ဒန်မြို့မှ ဆစ်ဒနီမြို့ကို မရပ်မနားပျံသန်းတဲ့ ခရီးသည်ပို့ဆောင်တဲ့ လေကြောင်းခရီးစဉ်တစ်ခုအား Boeing 787 လေယာဉ်ဖြင့် ပျံသန်းခဲ့ဖူးကြောင်း သိရပါတယ်။

ကမ္ဘာ့အရှည်ဆုံး လေကြောင်းခရီးကို မရပ်မနားပျံသန်းတဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်အချို့အနက် ကာတာလေကြောင်းလိုင်း (QartarAirways) က ဒိုဟာမြို့မှ အုတ်ကလန်မြို့သို့ ပျံသန်းခဲ့တဲ့ ခရီးအကွာအဝေး ၉,၀၃၁ မိုင်ကို ၁၇ နာရီနဲ့ မိနစ် ၄၀ ကြာ ပျံသန်းမှုလည်း ပါဝင်ခဲ့ပါတယ်။

play
ပါ့သ်မြို့ လေဆိပ်မှာတွေ့ရသည့် Flight QF9 လေယာဉ်


ထို့အတူ အမ်းမရိတ်စ် (Emirates) လေကြောင်းလိုင်းရဲ့ ဒူဘိုင်းမြို့မှ အုတ်ကလန်မြို့သို့ ၈,၈၂၃ မိုင် ပျံသန်းမှု၊ ယူနိုက်တက်လေကြောင်းလိုင်း (United Airlines) က လော့စ်အိန်ဂျလိစ်မှ စင်ကာပူသို့ ၈,၆၉၉ မိုင် ပျံသန်းမှုနဲ့ Qantas လေကြောင်းလိုင်းရဲ့ ဆစ်ဒနီမြို့မှ ဒါးလက်စ်မြို့သို့ ၈,၅၇၅ မိုင် လေကြောင်းခရီးရှည် ပျသန်းမှုတို့ဟာလည်း ကမ္ဘာ့အရှည်ဆုံး လေကြောင်းခရီးစဉ်များ ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD