AD
AD
AD

အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်ရှိ သင်္ဘောကျင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play
Cochin သင်္ဘောကျင်း


Cochin Shipyard Ltd ရဲ့ သင်္ဘောကျင်းမှာ ပြုပြင်ရန်လွန်းတင်ထားတဲ့ သင်္ဘောတစ်စင်းပေါ်မှာ ယနေ့ (ဖေဖေါ်ဝါရီ ၁၃ ရက်) မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောရဲ့ ဦးပိုင်းနေရာမှာ ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။

play
ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူနှစ်ဦး


ဂက်စ်ယိုစိမ့်ရာမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။ ဒဏ်ရာရခဲ့သူတွေအနက် တစ်ဦးမှာ ခန္ဓာကိုယ်ရဲ့ ၄၅ ရာခိုင်နှုန်း မီးလောင်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သင်္ဘောပေါ်မှာရှိနေတဲ့ အခြားလူတွေကို ကယ်တင်နိုင်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။

play
Cochin သင်္ဘောကျင်း ဆိပ်ကမ်း


အစိုးရပိုင် Cochin သင်္ဘောကျင်းမှာ အိန္ဒိယနိုင်ငံရှိ အကြီးမားဆုံး သင်္ဘောအချို့ကို ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်လေ့ရှိပါတယ်။ ယခု ပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့တဲ့ သင်္ဘောဟာ အိန္ဒိယရဲ့ အကြီးဆုံး ရေနံတူးဖော်ရေးကုမ္ပဏီ Oil and Natural Gas Corporation (ONGC) က ပိုင်ဆိုင်တဲ့ ရေနံတူးသင်္ဘောဖြစ်ကြာင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD