အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ကမ်းလွန် ကာရေဗီယန်ပင်လယ်ပြင်မှာ ကျောင်းသူကျောင်းသား ကလေးငယ် ၄၀ ခန့်ကို တင်ဆောင်လာတဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာ လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အိန္ဒိယအာဏာပိုင်တွေကို ကိုးကားပြီး တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ဖော်ပြထားပါတယ်။

play


စက်လှေဟာ ကမ်းရိုးတန်းဒေသ ဒါဟာနူးမြို့ကမ်းလွန် အာရေဗီယန်ပင်လယ်ပြင်မှာ ယနေ့ (ဇန်နဝါရီ ၁၃ ရက်) တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ စက်လှေတိမ်းမှောက်ခဲ့တဲ့နေရာဟာ အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းမှ ၆၈ မိုင်အကွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီနေ့မွန်းလွဲပိုင်းလောက်က ကျောင်းသူကျောင်းသား ကလေးငယ် ၄၀ လောက်တင်လာတဲ့ စက်လှေ တိမ်းမှောက်ခဲ့တာပါ၊ စုစုပေါင်း ၃၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်၊ ပျောက်နေတဲ့ ကလေးတွေကို ပိုက်စိပ်တိုက် လိုက်လံရာဖွေနေပါတယ်" လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

play


ကလေးငယ်နှစ်ဦးရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ခဲ့ပြီး နောက်ထပ် လေးဦးပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ရှာတွေ့ထားတဲ့ ကလေးနှစ်ဦးဟာ မိန်းကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ စက်လှေဟာ လူဦးရေအဆမတန် တင်ဆောင်လာခဲ့ကြောင်းနဲ့ အသက်ကယ်အင်္ကျီလည်း ပါရှိခြင်းမရှိကြောင်း Times of India သတင်းက ပြောပါတယ်။

"လူအဆမန်တင်ဆောင်လာခဲ့လို့ စက်လှေတိမ်းမှောက်သွားခဲ့တယ်လို့ ယူဆရပါတယ်၊ ဝိတ်များလွန်းပြီး ပင်လယ်ထဲမှာ တိမ်းမှောက်ခဲ့ပုံရပါတယ်၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ" လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အိန္ဒိယမှာ ခရီးသည်များ အဆမတန်တင်ဆောင်မှုနဲ့ လုံခြုံစိတ်ချရမှု အားနည်းချက်တွေကြောင့် ရေလမ်းကြောင်းခရီး မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

မကြာသေးမီက ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေအဖြစ် ယမန်နှစ် နိုဝင်ဘာလအတွင်းက အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ စက်လှေတိမ်းမှောက်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး စက်တင်ဘာလကလည်း နိုင်ငံမြောက်ပိုင်းမျာ အလားတူ ရေလမ်းကြောင်း မတော်တဆမှုကြောင့် လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video