AD
AD
AD

အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာရှိ ခရစ်ယာန်ဘုရားကျောင်းသုံးခုမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၄၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


"ခရစ်ယာန်ဘုရားကျောင်းသုံးခုမှာ ဗုံးခွဲတိုက်ခိုက်မှုသုံးခု ဖြစ်ပွားခဲ့ပါတယ်၊ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူတွေကို မည်သူဖြစ်ကြောင်း စိစစ်နေပါတယ်" လို့ အရှေ့ဂျာဗားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖရန်စ်ဘာရွန်းမန်ဂီရာက ပြောပါတယ်။

ပေါက်ကွဲမှုတွေဟာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ယခုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့် အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

play


ဗုံးပေါက်ကွဲမှုသုံးခုဟာ ၁၀ မိနစ်အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းနဲ့ ပထမဆုံး ဗုံးပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်ပြသမှုအရ ဘုရားကျောင်းတစ်ခု အဝင်ပေါက်နေရာမှာ အပျက်အစီးများ ပြန့်ကျဲနေပြီး ရဲတပ်ဖွဲ့က ထိုနေရာကို ဖြတ်သန်းသွားလာမှု ပိတ်ပင်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

play


အာဏာပိုင်တွေက နောက်ထပ် စတုတ္တမြောက် ဘုရာကျောင်းမှာ ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ခြင်းရှိ မရှိ စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းတွေအရ ဆူရာဘာယာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို တွေ့ရှိခဲ့ရပြီးနောက် အန္တရာယ်မရှိအောင် ရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က ဆူရာဘာယာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွေကို ပိတ်ထားရန် ညွှန်ကြားခဲ့ပြီး မြို့မှာပြုလုပ်ရန် စီစဉ်ထားတဲ့ အစားအစာပွဲတော်တစ်ခုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

- နောက်ဆက်တွဲသတင်းဖတ်ရှုရန်

ဆူရာဘာယာမြို့အနီး တိုက်ခန်းတစ်ခန်းမှာ ဗုံးပေါက်ကွဲမှု

ယမန်နေ့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာလည်း ဆူရာဘာယာမြို့နဲ့ ၁၉ မိုင်နီးပါးအကွာရှိ တိုက်ခန်းတစ်ခန်းမှာ နောက်ထပ် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ မိသားစုတစ်ခုမှ လူသုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါတိုက်ခန်းရှိ မိသားစုမှ မိခင်နဲ့ သားတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲရန် သယ်ဆောင်လာတဲ့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

play


ဗုံးပေါက်ကွဲမှုအတွင်း အခြား ကလေးနှစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ တိုက်ခန်းမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့ကြောင်းကိုတော့ မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဂျကာတာမြို့စွန်ရှိ လုံခြုံရေးတင်းကျပ်တဲ့ အကျဉ်းထောင်တစ်ခုမှာ အစ္စလာမ်မစ် စစ်သွေးကြွအကျဉ်းသားတွေက ရဲတပ်ဖွဲ့ဝင်တွေကို ထောင်အတွင်း ဓားစာခံအဖြစ် ဖမ်းဆီးထားမှုဖြစ်ခဲ့ပါတယ်။ ၃၆ နာရီကြာခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွင်း စစ်သွေးကြွတွေက အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်ငါးဦးကို သတ်ခဲ့ကြောင်း သိရပါတယ်။

- ဆက်စပ်သတင်းဖတ်ရှုရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD