BREAKING NEWS: အီတလီမှာ အင်အားပြင်းငလျင် လှုပ်ခတ်

နာမည်ကျော် ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပြိုကျသွားပါတယ်။

  play


အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း က အီတလီနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၆.၆ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ သတင်းရရှိပါတယ်။

play


ကနဦး တိုင်းထွာချက်အရ ပြင်းအား ၇.၁ ဟု ဖော်ပြကြပြီး US Geological Survey က ရစ်ခ်ျတာစကေး ၆.၆ လို့ ပြန်လည်ဖော်ပြခဲ့ပါတယ်။

play


ငလျင်ဟာ အီတီလီနိုင်ငံ အမ်ဘရီးယားဒေသ၊ Perugia မြို့အရှေ့တောင်ဘက် ၆၈ ကီလိုမီတာအကွာမှာ လှုပ်ခတ်သွားတာပါ။ အဆောက်အအုံကြီးနှစ်ခု ပြိုကျပျက်စီးခဲ့သလို အခြားအဆောက်အအုံတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ လူအသေအပျောက်ရှိမရှိကိုတော့ လက်ရှိအချိန်မှာ မသိရသေးပါဘူး။

play


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း အီတလီမှာ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်သွားခဲ့ပါသေးတယ်။

play


အီတလီနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်လက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ရသလို လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရဖူးပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ