BREAKING NEWS: ကျူးဘားကွန်မြူနစ်ခေါင်းဆောင် ဖီဒယ်ကတ်စထရို ကွယ်လွန်

ကျူးဘားကို ဆယ်စုနှစ် ၅ ခုကြာ အုပ်ချုပ်သွားခဲ့သူပါ။

play

ကျူးဘားနိုင်ငံရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး ဖီဒယ်ကတ်စထရိုဟာ သောကြာညပိုင်းက ကွယ်လွန်သွားခဲ့ပြီလို့ သတင်းရရှိပါတယ်။ ဖီဒယ်လ်ရဲ့ညီတော်စပ်သူ ကျူးဘားသမ္မတ ရာအူးလ်ကတ်စထရိုက နိုင်ငံပိုင်ရုပ်သံလိုင်းကတစ်ဆင့် ကြေညာသွားခဲ့တာပါ။

ဖီဒယ်လ်ကတ်စထရိုဟာ အူမကြီးရောင်ရမ်းမှုကို ခံစားနေခဲ့ရတာဖြစ်ပြီး သောကြာည ၁၀ နာရီ ၂၉ မိနစ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၉၀ ရှိပါပြီ။ ဖီဒယ်လ်ကတ်စထရိုဟာ ကျူးဘားကို ဆယ်စုနှစ် ၅ ခုကြာ အုပ်ချုပ်သွားခဲ့ပြီး ကမ္ဘာ့ တတိယမြောက် သက်တမ်းအရှည်ဆုံး နိုင်ငံအုပ်ချုပ်သူခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ညီဖြစ်သူ ရာအူးလ်ရဲ့လက်ကို အာဏာလွှဲအပ်ခဲ့ပါတယ်။

Source : NDTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ