BREAKING NEWS: ဆော်လမန်ကျွန်းစုအနီး အင်အားပြင်းငလျင်လှုပ်ခတ်၍ ဆူနာမီသတိပေးချက် အရေးပေါ်ထုတ်ပြန်ထား

နောက်ထပ် ၃ နာရီအတွင်း ဆူနာမီလှိုင်းတွေ ရိုက်ခတ်လာဖွယ်ရှိနေပါတယ်။

  play


ဆော်လမန်ကျွန်းစုတွေရဲ့ ကမ်းရိုးတန်းအနီးမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားပါတယ်။ ငလျင်ကြောင့် ဆော်လမန်ကျွန်းစုများ၊ ဗန်နွာတူ၊ ပါပူအာနယူးဂီနီယာနဲ့ နာအူရူတို့မှာ ဆူနာမီလှိုင်းသတိပေးချက် အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။

အန္တရာယ်ကြီးတဲ့ ဆူနာမီလှိုင်းတွေဟာ လာမယ့် ၃ နာရီအတွင်း ဆော်လမန်ကျွန်းစုကမ်းရိုးတန်းတစ်လျှောက်၊ ဗန်နွာတူ၊ နယူးဂီနီယာ၊ နာအူရူ၊ နယူးကယ်လီဒိုးနီးယား၊ တူဗာလူနဲ့ ကော့စ်ရာအေးတို့မှာ ရိုက်ခတ်လာနိုင်ကြောင်း ပစိဖိတ်ဒေသ ဆူနာမီသတိပေးချက်စင်တာက အရေးပေါ်ထုတ်ပြန်ထားပါတယ်။ ငလျင်ကြောင့် တုန်ဟီးသံကျယ်ကျယ်ကိုလည်း ကြားခဲ့ရလို့ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ငလျင်လှုပ်မှုကို ဒေသခံတွေအနေနဲ့ သိရှိခံစားခဲ့ကြရတယ်လို့လည်း သိရပါတယ်။

Source : BBC, RT, Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ